Anti-Rollback အကြောင်း - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

4.9.18

Anti-Rollback အကြောင်း

#Xiaomi
#Anti-Rollback

Q 1. Anti-Rollback ဆိုတာဘာလည်း?
Ans: Anti-Rollback ဆိုတာ Google က သူရဲ့ Android Os အတွက် Security Measure တစ်ခုအနေနဲ့ Android Version 8.x(Oreo) မှာ စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ users တွေရဲ့ ဖုန်းအခိုးခံရတဲ့အခြေအနေမှာ ခိုးယူသွားတဲ့သူက software downgrade ဆင်းဖို့ကြိုးစားလို့ မရအောင် ပြီးတော့ data တွေကို ထိန်းချုပ်ခွင့်မရအောင် ဖြစ်ပါတယ်တဲ့။
Q 2. Anti-Rollback ဟာ ကိုယ့်ရဲ့ device ကို အန္တာရယ်ဖြစ်စေနိုင်သလား? ဘယ်လို ဆိုးကျိုးပေးနိုင်သလဲ။
Ans: Anti-Rollback ဆိုတာ လုံခြုံရေး အစီအစဉ်တစ်ခုဖြစ်တာကြောင့် သာမန်အားဖြင့် သင့်ဖုန်းကို ဘာဆိုးကျိုးမှမပေးပါဘူး။
ဖုန်းကို Firmware အမြင့်ကနေ အနိမ့်ဆီသို့ downgrade ပြန်ဆင်းတဲ့အခါ anti-rollback သတိပေးချက်စာသားပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ဖုန်းမော်ဒယ်အမျိုးမျိုး Android အခြေခံ Os အမျိုးမျိုးရှိတဲ့ အတွက် တစ်ခုနဲ့တစ်ခု တုံ့ပြန်ပုံခြင်းတော့တူမှာမဟုတ်ပါဘူး။ Google ကဖော်ပြချက်အတိုင်းပြောရရင်တော့ bootloader unlock လုပ်ပြီးသား ဖုန်းတွေမှာ Anti-Rollback အလိုအလျောက်ပျက်ပျယ်ပါတယ်တဲ့။ ဒါပေမယ့် MIUI users အချို့ကြုံတွေ့နေရတဲ့ ပြဿနာကတော့ blu လုပ်ပြီးသားဖုန်းတစ်ချို့မှာတောင် miui downgrade ဆင်းတဲ့အခါ hard brick ဖြစ်နေတာကို ကြုံနေရပါတယ်။ နောက်ထပ်ထွက်မယ့် MIUI update တွေမှာ ဒါမျိုးမဖြစ်အောင် ပြင်ပေးမလားဆိုတာကိုတော့ မျှော်လင့်ရမှာပါပဲ။ ဒါပေမယ့် သိပ်လည်း မပူပန်ပါနဲ့။ ကျနော်တို့ developers တွေလည်း ဒီပြဿနာဖြေရှင်းဖို့ရာအတွက် နည်းလမ်းတစ်ခုခုတော့ ရှာတွေ့မှာပါလေ: D
Q 3. ဒါဆို Xiaomi က ဒီ Anti-Rollback ဆိုတာကြီးကို ဖြေရှင်းပေးမှာလား??
Ans: မသိပါ။ ဒါပေမယ့် XDA က ကျနော်တို့ developers ကြီးတွေကတော့ နည်းလမ်းရှာတွေ့မှာ အသေအချာပါပဲ။ (အားရစရာ 😁😁)
Q 4. ကိုယ့်ဖုန်းက(သို့မဟုတ်)Os က Anti-Rollback ဆိုတာကြီးရှိသလား မရှိလား ဘယ်လို သိနိုင်မလဲ??
Ans: fastboot getvar anti ဆိုတဲ့ fastboot command နဲ့စစ်နိုင်ပါတယ်။ 3 လို့ပေါ်ရင် Anti-Rollback မရှိပါဘူး။
4 လို့ပေါ်ရင်တော့ (သင်ကံဆိုးပါတယ်) Anti-Rollback squad ထဲ သင့်ဖုန်းပါနေပါပြီ။
Q 5. ကိုယ့်ဖုန်းက Anti-Rollback squad ထဲပါနေပြီဆို ဘာဖြစ်မလဲ? ဘာတွေဆောင်ရ ရှောင်ရမလဲ?
Ans: သိပ်လည်းမပူပါနဲ့။ Anti-Rollback ရှိနေပေမယ့်
Twrp လို custom recovery တွေ flash ပြီး Custom Roms တွေလည်း သုံးလို့ရပါသေးတယ်။ ဒါပေမယ့် အထူးသတိထားရမှာက လက်ရှိသုံးနေတဲ့ Rom Version (Miui, Aosp စသည်ဖြင့်) ထက် နိမ့်တဲ့ Rom ကို flash ပြုလုပ်ခြင်းကို လုံးဝ သတိထားရှောင်ကျဉ်ရပါမယ်။ဒါကိုသတိမထားပဲ Anti-Rollback ရှိနေတာကို Firmware Downgrade ဆင်းမိရင်တော့ hard brick ဖြစ်ဖို့ အလားအလာများပါတယ်။
Q 6. ဘယ် MIUI version တွေမှာ Anti-Rollback ဆိုတာရီး ပါလာပြီလဲ?
Ans: MIUI 9.5.17.0 gobal stable နဲ့ Miui 10 Beta 8.7.5 နောက်ပိုင်း ထွက်တဲ့ MIUI Romတွေ အကုန်လုံးမှာ Anti-Rollback ပါလာပါတယ်။ Global Rom တွေ မက Chinese Rom တွေမှာပါ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
Q 7. MIUI Stable V9.5.17.0 နဲ့ Beta 8.7.5 မှာ Anti-Rollback မပါဘူးပေါ့ ဟုတ်လား?
Ans: ဟုတ်ပါတယ်။ အဲ့ Version တွေ သုံးနေတဲ့သူတွေအတွက် old miui version ကို စိတ်ချလက်ချ Downgrade ပြန်ဆင်းနိုင်ပါတယ်။
Q 8. Anti-Rollback ရှိနေတဲ့အခြေအနေမှာ Stable ကနေ Beta သို့မဟုတ် Beta ကနေ Stable စသည်ဖြင့် အပြန်အလှန် ပြောင်းသုံးလို့ ရလား?
Ans: အဲ့လိုပြောင်းသုံးမယ်ဆိုရင်လည်း(stable ကနေ beta ပဲဖြစ်ဖြစ် Beta ကနေ Stable ပဲ ဖြစ်ဖြစ်) နောက်ဆုံးထွက်ထားတဲ့ latest version Rom ကိုသာ install ဖို့ အကြံပြုပါတယ်။
(အထူးသတိထားရမှာက လက်ရှိ ကိုယ် install ထားတဲ့ Miui Rom ဟာ anti-4 firmware ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်ပြန်ချိန်းတင်မယ့် Rom ဟာလည်း Anti-4 Miui (Beta or Stable) latest Version ပဲ ဖြစ်ပါစေ)
[Anti-4 ဆိုတာ Anti-Rollback ရှိနေတာကို ရည်ညွန်းတာပါ]
Q 9. Anti-Rollback ရှိနေတဲ့ အခြေအနေမှာ Custom Recovery တွေ Flash ပြီး Custom Rom တွေ သုံးလို့ရနိုင်ပါဦးမလား? Bootloader unlock လုပ်လို့ရပါဦးမလား?
Ans: bootloader unlock လုပ်လို့ရပါတယ်။
Custom Recovery flash တဲ့အခါမှာတော့ အရင်အခြေအနေနဲ့ အနည်းငယ်ကွဲပြားမှုရှိပါမယ်။ Anti-Rollback Rom ကို blu လုပ်ပြီးသည့်နောက် custom recovery သွင်းဖို့ရာ fastboot boot xyz.img ဆိုတဲ့ command နဲ့ custom recovery mode ထဲကို ဝင်ရပါမယ်။ (xyz.img ဆိုတာ ကိုယ် flash မယ့် recovery image ရဲ့အမည်ကို ရည်ညွှန်းပါတယ်)
အဲ့ဒီ့ recovery image ကို phone ရဲ့ internal storage ထဲမှာ copy ယူထားပေးရပါမယ်။
အထက်ပါ command သုံးလို့ recovery mode ထဲ ရောက်တဲ့အခါ internal storage ထဲက recovery image ကို တစ်ဖန်ပြန် flash ပေးရပါမယ်။ ပြီးရင်တော့ custom roms တင်လို့ရပြီပေါ့။
Q 10. Anti-Rollback ရှိတဲ့ Rom ကို Twrp ကနေ flash လို့ရလား?
Ans: ရပါတယ်။ အဲ့ဒါ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ
Anti-Rollback ရှိတဲ့ device တွေကို Aosp based Roms အမျိုးအစားတွေကနေ MIUI Rom ပြန်ချိန်းတဲ့အခါမှာတော့ twrp ကနေ flash တာထက် fastboot firmware တင်လိုက်တာက hard brick ဖြစ်နိုင်ခြေကို ကာကွယ်နိုင်မယ်ထင်ပါတယ်။
.......
Source: XDA
Credit To: Original Post owner

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel