KoZaw Mobile & IT နည်းပညာ: Hardware PDF Files
မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ
Free Bitcoin for u
coinpayu
Showing posts with label Hardware PDF Files. Show all posts
Showing posts with label Hardware PDF Files. Show all posts
22.1.19
11:41 0
Download Link 👇👇👇👇👇
Unicode
(Sir.Zaw Win Htut Share ထားတဲ့ အခြေခံကို လေ့လာပြီး
Model အမြင့်ဖုန်းတွေကို အထာကျကျ ပြင်ကြမယ်
အပိုင်း (၁) မှ (၁၂)အထိကို Hardware ညီအကိုတွေ
လေ့လာနိုင်အောင်လို့ PDF Fileအဖြစ်
တင်ပေးလိုက်ပါတယ်ခင်ဗျား
အားလုံးအဆင်ပြေကြပါစေဗျာ)
18.12.18
Power Section
09:25 0
Power Section
Power Section 1 မှာ အဓိက တုပ်တုပ်မလှုပ်တာကို ဖြေရှင်းနိုင်ဖို့ပြောခဲ့ပါတယ်၊
Credit:
စေတနာဖြင့်
အောင်သန်းမင်း MPPG
>>> Download Here <<<
( Power section 1 မှာ အဓိက တုပ်တုပ်မလှုပ်တာကို ဖြေရှင်းနိုင်ဖို့ပြောခဲ့ပါတယ်၊ အဲဒါကလဲ အဲဒီစနစ်အတွက်ပါ။ Sec pmu ပါလာတဲ့စနစ်မှာတော့ ပြောင်းသွားပါပြီ၊ Honor 4x လိုမျိုးပေါ့၊
CPU ဖြုတ်ချထားရင် 3Digit 5am Supply မှာ မလှုပ်တော့ပါဘူး၊ သူနဲ့တောင်မလှုပ်မှတော့ 1,2,3am Supply တွေနဲ့ဆို ပြောစရာ မလိုတော့ပါဘူး။
ကိုယ်တိုင်ကြုံရင် စမ်းကြည့်စေချင်ပါတယ်၊
4x လို မော်ဒယ်မျိုးမှာ emmc မပါပဲ နှိုးကြည့်ရင် 3digit 5am နဲ့ မလှုပ် ပေမယ့် 4digit 5am နဲ့ဆို 0.0002 လောက် လှုပ်တယ်လို့ ဆရာသမား ဆီက မှတ်ခဲ့ရပါတယ်။ ဟုတ်ပါပြီ၊
ဒါမျိုးလေးတွေက ငြင်းခုန်နေရမယ့်ကိစ္စမဟုတ်ပါဘူး၊ ဘယ်ပလက်ဖောင်းမှာ ဘယ်အခြေအနေနဲ့နှိုးကြည့်ရင် အမ်ပီယာဆိုင်း ဘယ်လို ပြတယ်ဆိုတာ ကိုယ့်ဘာသာ အမှတ်သငေ်္ကတလုပ်ထားနိုင်ဖို့ အရေးကြီးတာပါ။
အခု ဒုတိယမြောက် စက်နိုးခြင်းစနစ်ကို သွားကြည့်ရအောင်..
ပုံလေးကိုအရင်ကြည့်ကြည့်ပါ..
ပထမ စနစ်ကို သဘောပေါက်အောင်လေ့လာခဲ့ရင် အခုစနစ်ကို အလွယ်တကူပဲ နားလည်မှာပါ၊
ဒီမှာ ထူးခြားတာ ဘာမှအများကြီးပါတာမဟုတ်ပါဘူး၊ RF အိုင်စီဘေးမှာ Network Crystal လေးပါလာတာ တစ်ခုပါပဲ။
Crystal ဆိုမှတော့ Clock အလုပ်လုပ်ပေးမှာဖြစ်တဲ့အတွက် စက်နိုးခြင်: Section မှာ BB Clock (network clock) လို့ခေါ်တဲ့ စစ်ဆေးစရာတစ်ခု (အရေးပေးစရာတစ်ခု ) ထပ်တိုးလာတာပါ။ အဲဒီ xtal ဆီက ခုန်လှိုင်းကို ရရှိခြင်းအားဖြင့် Cpu ဟာ RF ic ကောင်းမွန်စွာအလုပ်လုပ်နိုင်တယ်လို့ အသိမှတ်ပြုပါတယ်။ အဲဒီလိုအသိမှတ်ပြုနိုင်မှလဲ
CPU ကနေ pmu ကို VPH-PWR လို့ခေါ်တဲ့ စက်နိုးခြင်းဗို့ကို ဆက်လက်အတည်ထုတ်လွှတ်ခိုင်းမှာ ဖြစ်ပါတယ်၊
ဒီတော့
ဒုတိယ Section မှာ ဖုန်းစက်နိုးလာဖို့ ထပ်မံဝင်ရောက်စွက်ဖက်လာသူဟာ
RF ic အပိုင်းလို့ သိရပါပြီ။
အဲဒါကြောင့်
RF xtal ပါတဲ့ဘုတ်မျိုးတွေမှာ RF အိုင်စီနားတစ်ဝိုက်နဲ့ RF ရဲ့ နောက်ကျောဘက်နေရာတွေမှာ လုပ်စရာကြုံရင် သတိလေးနဲ့လုပ်ဖို့လိုအပ်တယ်လို့ ပြောကြတာပါ။ ဒါပေမယ့် အဓိကက Skill ပါ။ လက်ဆသာရနေရင်
ဘယ်နေရာမှာမှ ကြောက်နေစရာမလိုပါဘူးဗျ။
တစ်စုံတစ်ရာသောအကြောင်းကြောင့် RF အိုင်စီ ကောင်းစွာအလုပ်မလုပ်နိုင်ဘူး ( volt မရတာ၊ ခဲကြွတာ စသည် ) ဆိုရင် စက်နိုးမှာမဟုတ်ပါဘူး၊ ရိုးရိုးမနိုးရုံမနိုးတာမဟုတ်ပဲ အမ်ပီယာဆိုင်းက CPU ဆိုင်း ပြနေပါလိမ့်မယ်။
Key နှိပ်ရင် လှုပ်တယ်ဆိုရုံ အိပဲ့လေးလှုပ်ပြီး လွှတ်ရင် ပြန်ကျတာပါ။ မသိရင် cpu ဆိုပြီး ထင်မိတတ်ပါတယ်။
သတိပြုပါ။
ဒီလိုအခြေအနေမျိုးမှာ CPU လို ဘာလို ဝေခွဲမရဖြစ်နေခဲ့ရင် DM, DP အုမ်း အရင်တိုင်းကြည့်ပါ၊ DM,DP အုမ်းဟာ ဘုတ်အတော်များများမှာ 650 နဲ့ 750 အကြား ပတ်ဝန်းကျင်မှာရှိပါတယ်။ အုမ်းမှန်နေရင် Port သိမသိ ကြိုးထိုး ကြည့့်ပါ၊ သိနေသေးရင် cpu ကို မကိုင်ပါနဲ့ဦး။ မသိရင်တော့ သံသယစာရင်းတော့ထည့်ရမယ်၊ ဒါတောင် RF အဝင်ဗို့စစ်တာ Reball လုပ်တာမျိုး အရင်လုပ်ကြည့်ပါဦး၊ ( cpu ကိုင်ဖို့ ဝန်လေးရင်ပြောတာပါ )
ဒီတော့ ပြန်ခြုံရရင် Section 2 မှာ စက်နိုးခြင်းအတွက် RF အပိုင်း ပါဝင်လာပါတယ်၊ သူနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် စက်မနိုးနိုင်ပဲ CPU error ဆိုင်းပုံစံပြပါလိမ့်မယ်။ အမ်ပီယာတော့ဆွဲပါတယ်၊ သို့သော် ဆွဲတယ်ဆိုရုံလေးပါ ။
ဒါလောက်ဆိုရင် Section 1 ကိုသာ ကြေအောင်လေ့လာသဘောပေါက်ခဲ့ရင် Section 2 အတွက် အလွယ်တကူနားလည်နိုင်မယ်ဆိုတာ သိသာလောက်ပါပြီ။ )
Credit:
စေတနာဖြင့်
အောင်သန်းမင်း MPPG
PDF File အဖြစ် သိမ်းထားခြင်း/ ရယူချင်ပါက အောက်မှာ ဒေါင်းရန်
>>> Download Here <<<
16.10.18
Hardwareအပိုင်း ဖြေရှင်းနည်း အကျဉ်း PDF
23:12 0
Hardwareအပိုင်း ဖြေရှင်းနည်း အကျဉ်း PDF
Hardwareအပိုင်း ဖြေရှင်းနည်း အကျဉ်း PDF
No.1 မီတာတိုင်းနည်းကို လေ့လာရန်
No.2 Section များခွဲပြီး ပြင်ရမည့်အပိုင်းကိုသိအောင်လေ့လာခြင်း
        >> LCD မှ ရုပ်မပေါ်သောအခါ ပြုပြင်နည်း
        >> ဖုန်းအမျိုးအစားအားလုံးနီးပါအတွက် Dead Boot
        >> eMMC လဲနည်း
        >> Samsung Service Manual ပါဝါသေရှင်းနည်း အဆင့်ဆင့်
        >> ဖုန်း Model တခုချင်းစီအတွက် ရှာထားရမည့်လမ်းကြောင်းများ
        >> Output Short
        >> Direct Short
        >> Introduction
Credit: all
Download Link
👇👇👇👇👇👇👇
Mediafire Link
Download Here
          or
Mega Link
Download Here
Mic အကြောင်း အပြည့်အစုံ
16:42 0
Mic အကြောင်း အပြည့်အစုံ
Mic အကြောင်း
Circuit board ပြားပေါ်က mic နေရာမှာတိုင်းတာကြည့်ရင်
ရိုးရိုးmic ဆိုရင် တစ်ခုက connection ပြမယ် တစ်ခုက Gnd ကျနေမယ်
အဲ့လိုဆို တစ်ခုက mic + လမ်းကြောင်း , Gnd ကျနေတဲ့တစ်ခုက Mic- လမ်းကြောင်းပေါ့
အဲ့လို မဟုတ်လား -ဟုတ်ပါတယ် .. အဲ့လိုပါဆိုရင်တော့ အောက်က စာကို နဲနဲလေး ဆက်ဖတ်ကြည့်ပါ
Connection ပြနေတဲ့လမ်းကြောင်းက Mic+ လမ်းကြောင်း တော့ ဟုတ်တယ်
Gnd ကျနေတဲ့ ငုတ်က Mic – လမ်းကြောင်း မဟုတ်ဘူးဗျ အဲ့ငုတ်က ကိုယ်တပ်မယ့် mic အလုပ် လုပ်ဖို့အတွက် Gnd ချပေးထားတာ pm ic သို့မဟုတ် CPU ထဲကို Audio Frequency ပို့ပေးမယ့် လမ်းကြောင်း မဟုတ်ပါဘူး Mic negative လမ်းကြောင်းကို ခဏမေ့ထားပြီး
Mic အလုပ်လုပ်ပုံအကြောင်းကို ကြည့်ကြည့်ရအောင်…
1. Mic-BIAS
2.Mic +(positive)
3.Mic-(negative)
#Mic_BIAS ဆိုတာ CPU ဒါမှမဟုတ် Power ic ကနေပြီးတော့ Mic အသုံးပြုမယ့် အချိန်ကျမှ
Mic အလုပ်လုပ်ဖို့ရာ အတွက် Mic ကိုVolt ထုတ်ပေးတဲ့ လမ်းကြောင်းပါလို့
အကြမ်းဖျဉ်း သိထားရပါမယ်
ဖုန်းရဲ့ touch screen ကနေပြီးတော့ ကိုယ်ဘာနှိပ်လိုက်သလဲ ဘာခိုင်းလိုက်သလဲဆိုတာ
Touch နဲ့ဆိုင်တဲ့ SCL , SDA လမ်းကြောင်းတွေကတဆင့် CPU က သိတယ်
သီချင်းဖွင့်လိုက်တယ်ဆိုရင် ကိုယ်ဖွင့်လိုက်တဲ့ သီချင်းနဲ့ သက်ဆိုင်တဲ့ Audio Data ကို
CPU ကနေ Audio Amp ကို ပို့ပေးမယ် ဖုန်းခေါ်လိုက်တယ်ဆိုရင် Rf ic ကို
TX လှိုင်းလွှင့်ထုတ်ခိုင်းမယ် .. အဲ့လိုပဲ ဖုန်းခေါ်လိုက်တယ် recording လုပ်လိုက်တယ်ဆိုတာနဲ့
Mic အလုပ်လုပ်ဖို့ရာအတွက် လိုအပ်တဲ့ Voltage ကိုလဲ ထုတ်ပေးလိုက်တယ် Mic ကို
အမြဲတမ်းကြီး Volt ရောက်မနေဘူး ဖုန်းခေါ်တဲ့ အချိန် , recording လုပ်တဲ့ အချိန်မှာပဲ
Mic ကို volt ရောက်ပါတယ် အဲ့ဒီ့ volt ကို Mic-BIAS လမ်းကြောင်းကနေပေးပါတယ်
Mic+(positive) , Mic(negative) ဆိုတာ ခုနက BIAS လမ်းကြောင်းကနေ ohm တန်ဖိုးရှိတဲ့
Resistor နှစ်လုံးခံပြီး Mic ဆံကို Volt ပေးလိုက်တော့ Mic စပြီး အလုပ်လုပ်ပြီပေါ့ Micအလုပ်က
ဘာလဲ ဘေးနားက အသံတွေကို ဖမ်းယူပေးတဲ့ အလုပ်ကို လုပ်တယ် အဲ့ဒီ့ ဖမ်းယူရရှိတဲ့ Audio Frequency တွေကို Mic + လမ်းကြောင်း နဲ့  Mic – လမ်းကြောင်းကနေတဆင့် CPU Ic ထဲကို
Coupling Capacitor တစ်လုံးစီခံပြီး ပို့ဆောင်ပေးတယ် Coupling ဘာလို့ခံထားရလဲဆိုတာတော့ မပြောတော့ပါဘူးနော် Child play တွေမဟုတ်လား 😂😂😂
အောက်ကပုံကို ကြည့်မယ်ဆိုရင် Mic+ , Mic -လမ်းကြောင်းကို အရင် မကြည့်ပါနဲ့ ဖုန်းခေါ်
Recording လုပ်ပြီဆို BIAS လမ်းကြောင်းကနေ Mic အလုပ်လုပ်ဖို့ Volt ကို R နှစ်လုံးခံပြီး
Mic ဆံကို Volt ပေးမယ် Mic အလုပ်လုပ်ရင် ဘေးက အသံတွေဖမ်းမယ် ရလာတဲ့ အသံတွေကို
Mic + နဲ့ – လမ်းကြောင်းကနေ Cpu ကို ပို့မယ် မရှင်းဘူးလား
အလုပ်လုပ်ပုံတော့ သိပါပြီ Mic မရရင် ဘယ်လိုပြင်ရမလဲ -
Mic မရတဲ့ ပြစ်ချက်ရဲ့ 50% က Mic ဆံပျက်တာ 30%က BIAS Voltage မထွက်တာ
10%က Mic +, – လမ်းကြောင်းပျက်တာ , ကျန်တဲ့ 10% က သူငယ်နာ ပြန်သာပေးလိုက်
ပြင်မနေနဲ့ 😜😜😜
သီအိုရီ ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက် နားလည်ထားလဲ ဆိုတဲ့အချက်ပေါ်
အများကြီး မူတည်ပါတယ် အောင်မြင်ကြပါစေခင်ဗျ
Credit: Sir: Zaw Win Htut MIC
6.10.18
No Power ပြဿနာအား ဖြေရှင်းနည်း
15:53 0
No Power ပြဿနာအား ဖြေရှင်းနည်း
Hardware ပိုင်းကို လေ့လာနေတဲ့ ညီအကိုတွေအတွက်
No Power ပြဿနာအား ဖြေရှင်းနည်း
PDF File လေး တင်ပေးလိုက်ပါတယ်၊
ဆရာသမားများကတော့ ကျော်သွားပေးပါဗျ
အောက်မှာ ဒေါင်းပြီး လေ့လာကြည့်ပါ။
Download Link
👇👇👇👇👇👇👇
Download Here
3.10.18
Mobile_Phone_၏_Hardware ပစ္စည်းများနှင့် ပြုပြင်ရေး_နည်းလမ်းများ
22:15 0
Mobile_Phone_၏_Hardware ပစ္စည်းများနှင့် ပြုပြင်ရေး_နည်းလမ်းများ
Hardware အပိုင်းကို အခုမှ စတင်လေ့လာနေတဲ့
ညီအကိုတွေအတွက် Mobile ဖုန်းပြင်ရာတွင်
အသုံးပြုရသည့် ကိရိယာများအကြောင်းနှင့် အသုံးပြုပုံ၊
အီလက်ထရောနစ်နှင့် ဖုန်းအခြေခံသဘောတရား၊
ဖုန်း၏ အစိတ်အပိုင်းများအကြောင်း၊ ပြစ်ချက်ရှာဖွေပုံနှင့် 
ပြဿနာဖြေရှင်းနည်းများကို လက်တွေ့လုပ်ဆောင်ပုံနှင့်တကွ
ရေးသားရှင်းလင်းထားသည်။ Mobile ဖုန်း၏ Hardware ပစ္စည်းများ
ပြုပြင်ရေးနည်းလမ်းများဟူသော စာအုပ်ကို PDF Versionအဖြစ် 
အခမဲ့ထုတ်ပေးလိုက်ပြီဖြစ်ပါသည်။
Mobile Phone ပြုပြင်သူများကို တစ်ထောင့်တစ်နေရာမှ 
အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့်မိပါသည်။
Electronic ၀ါသနာပါသူများ၊ Mobile Phone ကလိလိုသူများ
အနေဖြင့်လည်း အသုံးဝင်နိုင်ပါသည်။
ယခုစာအုပ်ကို ရယူလိုပါက အောက်ပါ Link မှ
Download ပြုလုပ်နိုင်ပါသည်။
Credit: all    👇👇👇👇👇
>>> Download Here <<<
25.8.18
ငါဟဲ့ Hardware Player PDF
21:44 0
ငါဟဲ့ Hardware Player PDF
Mr.Sai ရဲ့ ပထမဆုံးစာအုပ်
အခြေခံအကျဆုံး၊ Hardware အပိုင်းကို လေ့လာနေတဲ့
ညီအကိုတွေအတွက် ငါဟဲ့ Hardware Player PDF ကို တင်ပေးလိုက်ပါတယ်။
ညီအကိုတို့ မရှိသေးရင် ဒေါင်းထားကြပါ။
ဆရာ ဦး Sai Pee ကျေးဇူးပါခင်ဗျာ
Credit To : Sai Pee
ဆရာ ဦးစိုင်း ကိုယ်​တိုင်​ ကြည်​ဖြူစွာတင်​​ပေးထားတယ်​လို့သိရပါတယ်​ ​ဒေါင်းကြပါခင်​ဗျာ
👇👇👇👇👇👇👇
Download Here
Youtube Channel