USB Port ကောင်းမကောင်းတိုင်းနည်း - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

7.9.18

USB Port ကောင်းမကောင်းတိုင်းနည်း

USB Port ကောင်းမကောင်းတိုင်းနည်း
*******************************

USB Port သည် ဖုန်းတိုင်းလိုလိုတွင်ပါသည့် Hardware ပစ္စည်းတစ်ခုဖြစ်သည်။
နေ့ စဉ်ထိတွေ့ နေရသောပစ္စည်းဖြစ်သည့်အတွက် အပျက်အများဆုံးပစ္စည်းများထဲမှတစ်ခုဖြစ်သည်။
ခြုံပြီးပြောရမယ်ဆိုရင် သူက အလုပ် ၂ ခုလုပ်တယ်။

Data and Power
အဲဒီအလုပ်နှစ်ခုကိုလုပ်ပေးတဲ့ပစ္စည်းလေးပါ။

#USB Port ၏လုပ်ဆောင်ချက်များမှာ
========================
►ဘထ္ထရီအားပြန်လည်ဖြည့်တင်းပေးခြင်း
►Computer ဖြင့်ချိတ်ဆက်၍
လိုအပ်သည်များကိုဆောင်ရွက်ခြင်း ။ ဥပမာ - DATA Transfer ပြုလုပ်ပေးခြင်း ၊
ဆော့ဝဲရေးခြင်း ၊ Root ပြုလုပ်ခြင်း ၊ Application များသွင်းခြင်းတို့ ကိုဆိုလိုသည်။

#တိုင်းတာနည်း
===========
1 ကောင်းမကောင်းတိုင်းလိုသည့် USB Port ကိုအားသွင်းကြိုးထိုးပါ။
2 မီတာကို 20V တွင်ထားပါ။ USB Port ၏ ထောင့်စွန်း ခြေထောက်တစ်ဖက်တစ်ချက်စီကို
မီတာတံထောက်ပါ။ 3 5V (သို့ မဟုတ်) 5V ၀န်းကျင်ပြရမည်။
တစ်ခါတစ်လေ 5V အနည်းငယ်ကျော်တတ်သည်။
ဥပမာ - 5.2V
4 4.5V သော်၎င်း 4.5V အောက်ကိုသော်၎င်း တန်ဖိုးပြနေပါက ၄င်း USB Port ကိုလဲလိုက်ပါ။

#USB Port ၏ Data နှင့် Power ငုတ်များအားခွဲခြားခြင်း
=====================================
1/ အပေါင်းငုတ် အနှုတ်ငုတ် မှန်အောင်အရင်ခွဲပါ။ 5V ထွက်သောငုတ်သည် အပေါင်းငုတ်ဖြစ်သည်။

2/ အပေါင်းငုတ်ကို 1 ဟုသဘောထားလိုက်ပါ။ နံပါတ် 2 ငုတ် နှင့် နံပါတ် 3 ငုတ်သည်
DATA အတွက်ဖြစ်သည်။

3/ နံပါတ် 4 ငုတ်သည် အသုံးနည်းပြီး များသောအားဖြင့် မည်သည့်ပါတ်လမ်းနဲ့ မှ
ချိတ်ဆက်ထားခြင်းမရှိသောကြောင့် NC Pin လို့ လည်းခေါ်ပါတယ်။

4)နံပါတ် 5 ငုတ်သည် Ground ငုတ်ဖြစ်သည်။
Credit: all

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel