Computer က Software ေတြကို အၿပီး Uninstall လုပ္နည္း - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

25.10.18

Computer က Software တွေကို အပြီး Uninstall လုပ်နည်း


<Computer က Software တွေကို ဒီအတိုင်း Uninstall လုပ်တဲ့အခါ Registry ထဲမှာ၊ 
အခြား မှတ်သားထားတဲ့နေရာတွေမှာ အချက်အလက်အမှတ်အသားတွေကျန်နေတတ်ပါတယ်.. Windows ကို Restart လုပ်လိုက်ပေမယ့် အချို့ Software တွေရဲ့ အချက်အလက်တွေဟာ 
Registry ထဲမှာ ရှိနေတုန်းပါပဲ.. ဒီတော့ ဘာအချက်အလက်မှ မကျန်အောင် Uninstall 
လုပ်ဖို့အတွက် Third-party Software တစ်ခုခုသုံးနိုင်ပါတယ်.. ကျွန်တော်တော့ 
 iObit Uninstaller ကို အသုံးပြုပြီး Uninstall လုပ်ပြသွားပါမယ်...> 

<1. iObit Uninstaller ကို Run ပြီး ကိုယ် Uninstall လုပ်ချင်တဲ့ Software ကိုရွေးကာ ညာဘက်က အမှိုက်ပုံးပုံလေးကိုနှိပ်ပေးလိုက်ပါ..>

 
<2. တကယ်လို့မှားဖျက်မိခဲ့ရင် System Restore ပြန်လုပ်တဲ့အခါ အဆင်ပြေအောင် 
Create a restore point ကိုအမှန်ခြစ်ထားနိုင်ပါတယ်.. နောက်တစ်ခုက အချက်အလက်တွေကို အလိုအလျောက်ဖျက်ပစ်နိုင်အောင်  Automatically remove ကိုအမှန်ခြစ်ထားနိုင်ပါတယ်.. 
ဒါလည်း လုပ်ချင်ရင်လုပ်ပေါ့.. Office Suit ထဲက Software တွေလိုမျိုး အချို့ Software 
တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတတ်ပါတယ်.. အဲဒီခါကျရင် Automatically remove ကို အမှန်မခြစ်သင့်ပါဘူး.. ဘာလို့လည်းဆိုတော့ Automatically remove လုပ်သွားတဲ့အခါ 
ကျန်ခဲ့တဲ့ ဆက်စပ် Software တွေ အလုပ်မလုပ်တော့လို့ဖြစ်ပါတယ်... ကျနော်ကတော့ 
Automatically remove ကို မရွေးခဲ့ပါဘူး.. ရွေးချယ်ပြီးပြီဆိုရင်တော့ Uninstall ကိုနှိပ်ပါ..>


<3. Uninstall လုပ်နေပါပြီ.. ( အချို့ Software တွေကတော့ Uninstall လုပ်ဖို့ သီးခြား Dialog Box တွေ တက်လာတတ်ပါတယ်.. ဖေါ်ပြထားတဲ့ အခြေအနေကိုကြည့်ပြီး နှိပ်သွားပေါ့.. )>


<4. Uninstall လုပ်ငန်းစဉ်ပြီးတဲ့အခါ Windows Registry တွေ၊ Shared File တွေ၊
App Data ဖိုင်တွေ ရှိနေသေးတယ်ဆိုတာ ပြပါလိမ့်မယ်.. အခြား Software တွေနဲ့ 
ဆက်စပ်မှုမရှိတဲ့ Software ကိုဖျက်မှာဆိုတော့ အောက်နားက Select All နဲ့ 
Shared Files တွေကို အမှန်ခြစ်ပြီး Delete ကိုနှိပ်ပေးလိုက်ရုံပါပဲ.. ( ဆက်စပ်တဲ့ Software အုပ်စုထဲကဟာကို ဖျက်မယ်ဆိုရင်တော့ သေသေချာချာ ကြည့်ပြီး ချန်ခဲ့သင့်တာတွေကို အမှန်ခြစ်လိုက်ဖြုတ်ပေးလိုက်ရပါမယ်.. )> 
Credit: all
iObit Uninstaller 7.5 : 14.67 MB

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel