KoZaw Mobile & IT နည်းပညာ: Other
မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ
Free Bitcoin for u
coinpayu
Showing posts with label Other. Show all posts
Showing posts with label Other. Show all posts
13.7.20
Huawei နောက်ဝင်တွေမှာ PlayStore တိုင်ပတ်
20:58 0
Huawei နောက်ဝင်တွေမှာ PlayStore တိုင်ပတ်
Huawei နောက်ဝင် တွေမှာ PlayStore တိုင်ပတ်
ဟုတ်ပါတယ် တကယ်ကိုပတ်တာ
ကွျန်တော်တို့မှာက အကောင့်က နည်းနည်းများတော့ အဲ့မှာ စ ပြသာနာတတ်တာဘဲ
အကောင့်တခုထဲနဲ့ဘယ်လိုမှမပြေကြဘူး
အခုဟာ က ကွျန်တော် လုပ်ကြည့်တာ အဆင်ပြေလို့ တင်ပေးလိုက်တာ
ပထမဆုံး ICE BOX APK ဒေါင်း
APK INSTALL လုပ် OPEN
ဒီစာကို ရိုက်ထည့်
adb shell sh /sdcard/Android/data/com.catchingnow.icebox/files/start.sh
APP / System
Search ကနေ Google လို့ရိုက်
Google Service Framework
ဆိုတာတချက်နှိပ် Freeze ဆိုတချက်နှိပ် Reboot ဆင်း
အဲ့နောက် FRP Bypass APK Install
OPEN @ Browser Sign IN
Account Login DONE
Reboot ချ PlayStore ပြန်ဝင်ကြည့်လို့ Server Error ဘာညာ ပြရင်
Setting @ APP @ Google Service Framework Disable ဖြစ်နေလို့ ပြန်လုပ်ပေးလိုက်
ပြန်ဝင်ရပြီ
👉👉 Download Here 👈👈
Credit: YeHtutNaung
26.10.18
Windows မတက်တော့အချိန်မှာ Data တွေ ဘယ်လို Backup လုပ်မလဲ
13:32 0
Windows မတက်တော့အချိန်မှာ Data တွေ ဘယ်လို Backup လုပ်မလဲ
(Hardware တွေက ကောင်းပေမယ့် အကြောင်းတစ်ခုခုကြောင့် Windows မတက်တော့တဲ့အခါ Data တွေကို Backup လုပ်ဖို့ နည်းလမ်းတစ်ခု မျှဝေလိုက်ပါတယ်..
ကိုယ့်မှာ ရှိထားရမှာက Windows 10 DVD သို့မဟုတ် Windows 10 USB Bootable USB Drive ဖြစ်ပါတယ်..)
(၁. Windows တင်နဲ့နည်းလမ်းအတိုင်း DVD သို့မဟုတ် Bootable USB Drive ကနေ Boot တက်ပေးရပါမယ်.. လုပ်နည်းကတော့ ကွန်ပျူတာ စဖွင့်ဖွင့်ချင်းမှာ F2 သို့မဟုတ် Delete Key ကိုနှိပ်ပြီး BIOS Setting ကိုဝင်ရပါမယ်.. (ကွန်ပျူတာ Brand အလိုက် BIOS Setting ကိုသွားရမယ့် Key ကွဲပြားပါတယ်.) ပြီးရင် Boot Tab မှာ 1st Boot ကို CD/DVD ကိုရွေးပေးရပါမယ်.. ကိုယ်က Bootable USB နဲ့တက်မယ်ဆိုရင် UEFI ကိုရွေးပေးရပါမယ်.. ပြီးရင် F10 ကိုနှိပ်ပြီး Enter တစ်ချက်ခေါက်ပေးရပါမယ်.. ပုံမှန်အတိုင်း Boot တက်လာပြီး အဆင့်ဆင့်သွားကာ Custom Install ကိုရွေးပြီးနောက်တစ်ဆင့်မှာ Windows ကို Install လုပ်ဖို့ Partition ရွေးရတဲ့အပိုင်းကိုရောက်ပါမယ်...)
(၂. ဒီတစ်ခါ ကီးဘုတ်ပေါ်က Shift ကီးကိုနှိပ်ထားရင်း F10 ကိုနှိပ်ပါ.. (အချို့ကွန်ပျူတာတွေမှာ Shift+Alt+F10 နှိပ်ရပါတယ်..) Command Prompt ပေါ်လာပါမယ်... အဲဒီထဲမှာ notepad လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ..)
(Windows 7 သမားတွေအတွက်ကတော့ Boot တက်ပြီး Windows Install နားရောက်တဲ့အခါ Repair Computer ကိုရွေးပါ..
Recovery Option ရောက်တဲ့အခါ Use recovery tool ဘေးက အစက်လေးကို ရွေးပြီး Next ကိုနှိပ်ပါ..
နောက်ပေါ်လာတဲ့ Box မှာ command prompt ကိုရွေးပါ..
Command Prompt ပေါ်လာရင် notepad.exe လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ..)
၃. ခုဆိုရင် Windows 10 သမားပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ် Notepad ပွင့်လာပြီဖြစ်ပါတယ်.. Notepad အပေါ်တန်းက File ကိုတစ်ချက်နှိပ်ပြီး Open ကိုနှိပ်ပါ..
၎.ပေါ်လာတဲ့ Open Box အောက်နားက File of Type မှာ All File ကိုရွေးပါ.. ပြီးရင် ကိုယ်လိုချင်တဲ့ ဖိုင်ကို မြင်ရပါမယ်.. Windows တက်တုန်းကလိုပဲ Partition တွေကို မြင်နေရပါမယ်.. ကိုလိုချင်တာကို Copy ယူလိုက်ပါ..
(၄.ပေါ်လာတဲ့ Open Box အောက်နားက File of Type မှာ All File ကိုရွေးပါ.. ပြီးရင် ကိုယ်လိုချင်တဲ့ ဖိုင်ကို မြင်ရပါမယ်.. Windows တက်တုန်းကလိုပဲ Partition တွေကို မြင်နေရပါမယ်.. ကိုလိုချင်တာကို Copy ယူလိုက်ပါ..)
(၅။ ပြီးရင်တော့ ကိုယ် Backup ထားချင်တဲ့ အပိုင်းမှာ Paste ချပေးနိုင်ပါပြီ.. USB Stick တွေကိုလည်း Windows တက်စဉ်တုန်းကလို မြင်ရပါမယ်.. USB Stick ပေါ်ကို သိမ်းမလား၊ အခြား Partition တွေပေါ်မှာသိမ်းမလား အဆင်ပြေရာနေရာမှာ Backup လုပ် သိမ်းဆည်းနိုင်ပါပြီ..)
အဆင်ပြေကြပါစေဗျာ..
Credit: မောင်ပေါက်
1.10.18
True Super3 V2.1 Unlock
21:44 0
True Super3 V2.1 Unlock
True Super 3 V2.1 Unlock
တောင်းထားတဲ့ ညီ တစ်ယောက်အတွက်
တင်ပေးလိုက်ပါတယ်။
အားလုံး လိုအပ်ရင် ယူရအာင်လို့ ဒီမှာပဲ
တင်ပေးလိုက်ပါတယ်ခင်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေဗျာ
Credit: all
Download Here (23mb)
29.9.18
Redmi 3S Bootloader unlock, twrp,su,mm font tool
09:21 0
Redmi 3S Bootloader unlock, twrp,su,mm font tool
Xiaomi Redmi 3s MiUi 8 အတွက် Account Lock ကျနေတဲ့ ဖုန်းတွေ 
Account remove Firmware နဲ့ ဖျက်ပြီးလို့ မြန်မာ စာထည့်လို့ မရတဲ့
သူတွေအတွက် Bootlaoder Unlock & Twrp(root) & Super_su & Myanmar Font Tool တင်ပေးလိုက်ပါတယ်။ 
Credit: all
>>> လိုအပ်တဲ့ File တွေ အောက်မှာ Download ယူလိုက်ပါ <<<
Bootloader Unlock File
👇👇👇👇👇👇👇
Download Here
Twrp(root)
👇👇👇👇👇👇👇
Download Here
Super Su 
👇👇👇👇👇👇👇
Download Here
Myanmar Font Tool
👇👇👇👇👇👇👇
Download Here
27.9.18
How to Install Google Apps (Miui 8, 9, 10)
19:39 0
How to Install Google Apps (Miui 8, 9, 10)
Xaiomi ဖုန်းတွေမှာ (အများအားဖြင့် China Stable) Gmail ၀င်မရတာ or Play Store၀င်လိုက်ရင် အကြာကြီး ရှေ့ဆက်မသွားတာတွေ Mobile data limit ဖြစ်တာ၊  Waiting for wlan ပေါ်တာ
စသည့် error တွေအတွက် ဖြေရှင်းနည်း PDF ဖိုင် တင်ပေးလိုက်ပါတယ်။
မသိသေးတဲ့ ညီအကိုမောင်နှမတွေအတွက်ပါ
(ဆရာတွေကတော့ ကျော်သွားပေးပါဦး)
Download Link (2mb)
👇👇👇👇👇👇👇
https://mm1ink.net/CsCGs
25.9.18
မိမိဖုန်း (Android) ​ပျောက်​ဆုံးသွားလျှင်​​ပြန်​ရှာနည်း
23:53 0
မိမိဖုန်း (Android) ​ပျောက်​ဆုံးသွားလျှင်​​ပြန်​ရှာနည်း
Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ခြေရာခံရှာဖွေဖို့အတွက် https://www.android.com/devicemanager ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ 
အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။ User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ 
ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့် ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး။ 
Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ 
Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်းPassword boxမှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။
Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီးတဲ့
အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည် ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။
Credit: all
Meizu Root Access (Not PC)
18:47 0
Meizu Root Access (Not PC)
24.9.18
Android Device Reset
22:38 0
Android Device Reset
Android Device တစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် 
Reset ပြုလုပ်ကြရမှာပါ။ ကိုယ်အသုံးပြုနေတဲ့ ဖုန်းကို ပြန်ရောင်းမယ့် 
အခါမှာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပေးတဲ့အခါမှာပဲဖြစ်ဖြစ် Reset ပြုလုပ်ပြီးမှ ပေးကြမှာဖြစ်ပါတယ်။
ဒီနေရာမှာပုံမှန် Factory Reset ပြုလုပ်ပြီး 
အခြားသူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် နောက်ထပ်အသုံးပြုသူတွေဟာ
သင့်ရဲ့ဓာတ်ပုံတွေ၊ စာတွေနဲ့အခြားသော ဖိုင်များကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ 
ဒါပေမယ့် 
ဒီနည်းလမ်းဟာ တကယ်တော့ ကျွမ်းကျင်သည့် 
ပညာရှင်တစ်ဦး၏ လက်ထဲသို့ သင့်ရဲ့ Factory Reset ပြုလုပ်ပြီးသား Android Device ကို
ပေးလိုက်တယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အဆင့်မှာ မရှိသေးပါဘူး။ 
Recovery Tool တစ်ခုခုနဲ့ ရှာဖွေပြီး၊ သင့်ရဲ့ Data တွေကို
ပြန်လည်ရှာဖွေ နိုင်အုံးမှာ ဖြစ်ပါတယ်။ 
ဒါကြောင့် Android Device တစ်ခုကို Reset ပြုလုပ်မယ်ဆိုရင်
နောက်ပိုင်ဆိုင်မယ့်လူက ပြန်လည်ပြီး Recovery မပြုလုပ်နိုင်အောင် ဖိုင်တွေကို Encrypt
ပြုလုပ်ပြီးမှသာ Reset ပြုလုပ်မယ့်နည်းကို PDF File တင်ပေးလိုက်ပါတယ်။
Credit: all
Download Link
👇👇👇👇👇👇👇
https://mm1ink.net/CVBE17
23.9.18
Nokia 6 Myanmar Font
22:14 0
Nokia 6 Myanmar Font
Nokia_6 Myanmar Font ထည့်နည်း PDF File & Bat File
များကို တင်ပေးလိုက်ပါတယ်ခင်ဗျာ
လိုအပ်တာများကို အောက်မှာ ဒေါင်းပါ
Download Link
PDF File 👇👇👇👇👇👇
Download Here
Bat Files 👇👇👇👇👇👇
Download Here
Credit: By aung min han
Mobile ph Knowledge
18:34 0
Mobile ph Knowledge
16.9.18
MMC Storage Mode 9006 ကို QPST Software မသုံးပဲ One Click ဖြင့် ၀င်နည်း (1)
00:23 0
MMC Storage Mode 9006 ကို QPST Software မသုံးပဲ One Click ဖြင့် ၀င်နည်း (1)
**************************************************************************************
အသုံးပြုနိုင်သော Model များ , G6 C00, G6 U00, G630 U00, Y610 U00, C8816, C8816D,
G730 U30, G615 U10 နှင့် CPU MSM 8x12 သုံးထားသော ဖုန်းများတွင် အသုံးပြုနိုင်ပါသည်
MMC Storage ၀င်နည်းသိရင် ဘာတွေသုံးလို့ရမှာလဲ
======================================
Firmware တင်ရင်အဖြစ်များတဲ့ Step 2 Fail Error, Logo Stop Error, Deadboot Error, NotiBar Error, write data Error, အစရှိတဲ့ Error တွေကို ဖြေရှင်းပေးနိုင်မှာပါ အဓိကကတော့ DeadBoot Error ပါပဲ ခုနောက်ပိုင်းဖုန်းတွေမှာအဖြစ်များနေကြပါတယ် ဒီအခြေအနေမှာ BoardFirmware ကိုပဲအားကိုးနေကြရတယ် MMC Storage 9006 Mode ၀င်နည်းသိထားရင် Board Firmware မလိုတော့ပါ။
BoardFirmware တင်တာနဲ့ MMC Storage Mode ၀င်ပြီး Firmware တင်နဲ့ ဘာတွေကွာလဲ
=============================================================
BoardFirmware တင်ရင် ဖြစ်တက်သော Error များကတော့ IMEI 0 Error, Notification Panel Error, Boot Logo Error, Power Restart Error အစရှိသော Error များဖြစ်တက်ပါတယ်
MMC Storage Mode 9006 ၀င်ပြီး Firmware ရေးရင်တော့ Error လုံးဝကင်းရှင်းပါတယ်
MMC Storage Mode 9006 ၀င်နည်းတွေ အများကြီးထဲကမှ အလွယ်ဆုံး One Click ဖြင့် ၀င်နိုင်အောင် လုပ်ပေးထားပါတယ်
MMC Storage Mode 9006 ၀င်နည်း
=======================
1.  MMC Storage ၀င်ဖို့ လိုအပ်တဲ့ဖိုင်များအရင်ဒေါင်းပါ
Download Link 👇👇👇👇👇
https://mm1ink.net/T5Fi7Uco
2.  MMC Storage Mode 9006 ၀င် ဖို့ QDLoader 9008 Mode ကိုအရင်ဝင်ပါ
3.  Phone က Firmware တက်နေသေးတယ်ဆိုရင် Nomal Mode မှာ adb reboot edl ရိုက်ပြီးဝင်ပါ
Firmware မတက်တော့ဘူး Logo လည်နေတယ်ဆိုရင်တော့ TestPoint ထောက်ပြီးဝင်ပါ TestPoint မထောက်တက်ဘူးဆိုရင် Mi ကထုတ်တဲ့ Xiaomi qualcomm Jig လေးဝယ်ပြီး ၀င်လို့ရပါတယ်။
4. 9006 Mode ရောက်ပြီးဆိုရင် အထက်ကဒေါင်းထားတဲ့အထဲက MMC Storage Mode change TOOL Folder ထဲက QPBLFBML01.exe ကို Run ပါ QPBLFBML01.exe Software က window 7 64bit, window 8 64bit, window 10 64bit မှာ Error တက်ပါတယ် Error မတက်ချင်လျင် Microsoft C++ Software သွင်းပေးလိုက်ရင်အဆင်ပြေလိမ့်မယ်
5. QPBLFBML01.exe ဖွင့်ပြီးပြီဆိုရင် Maufacture ရွေးပြီး Next နှိပ်ပါ ပြီးရင် Firmware ဖိုင်ခေါ်ပါ
New Password မှာ 123 ရိုက်ပါ Download ဆွဲထားတဲ့ folder ထဲက MSM8x10 Folder
အောက်က MSM8610V100R001C00B001.xml ဖိုင်လေးကို Click ပြီး Open နှိပ်ပါ ပြီးရင်
Next နှိပ်ပါ Scan&Download ကိုဆက်နှိပ်ပါ။
6. Phone မှာ QDLoader 9008 Mode ၀င်ပြီးသား ဆိုရင် 1% ဆိုပြီး စRun နေပါလိမ့်မည် 40% ရောက်လျင် Reboot Device ဆိုပြီး MMC Storage Mode 9006 ကိုရောက်သွားပါပြီ
7. Device Manager မှာ Qualcomm HS-USB Diagnositcs 9006 ပေါ်နေလျင် MMC Storage Mode ၀င်ခြင်းပြီးဆုံးပါပြီ။
(Device Manager ခေါ်နည်း Window + R တွဲနှိပ် run box မှာ devmgmt.msc လို့ ရိုက်ပါ၊ ဒါဆို Device Manager တတ်လာလိမ့်မယ်။)
Credit: all
7.9.18
USB Port ကောင်းမကောင်းတိုင်းနည်း
23:46 0
USB Port ကောင်းမကောင်းတိုင်းနည်း
USB Port ကောင်းမကောင်းတိုင်းနည်း
*******************************
USB Port သည် ဖုန်းတိုင်းလိုလိုတွင်ပါသည့် Hardware ပစ္စည်းတစ်ခုဖြစ်သည်။
နေ့ စဉ်ထိတွေ့ နေရသောပစ္စည်းဖြစ်သည့်အတွက် အပျက်အများဆုံးပစ္စည်းများထဲမှတစ်ခုဖြစ်သည်။
ခြုံပြီးပြောရမယ်ဆိုရင် သူက အလုပ် ၂ ခုလုပ်တယ်။
Data and Power
အဲဒီအလုပ်နှစ်ခုကိုလုပ်ပေးတဲ့ပစ္စည်းလေးပါ။
#USB Port ၏လုပ်ဆောင်ချက်များမှာ
========================
►ဘထ္ထရီအားပြန်လည်ဖြည့်တင်းပေးခြင်း
►Computer ဖြင့်ချိတ်ဆက်၍
လိုအပ်သည်များကိုဆောင်ရွက်ခြင်း ။ ဥပမာ - DATA Transfer ပြုလုပ်ပေးခြင်း ၊
ဆော့ဝဲရေးခြင်း ၊ Root ပြုလုပ်ခြင်း ၊ Application များသွင်းခြင်းတို့ ကိုဆိုလိုသည်။
#တိုင်းတာနည်း
===========
1 ကောင်းမကောင်းတိုင်းလိုသည့် USB Port ကိုအားသွင်းကြိုးထိုးပါ။
2 မီတာကို 20V တွင်ထားပါ။ USB Port ၏ ထောင့်စွန်း ခြေထောက်တစ်ဖက်တစ်ချက်စီကို
မီတာတံထောက်ပါ။ 3 5V (သို့ မဟုတ်) 5V ၀န်းကျင်ပြရမည်။
တစ်ခါတစ်လေ 5V အနည်းငယ်ကျော်တတ်သည်။
ဥပမာ - 5.2V
4 4.5V သော်၎င်း 4.5V အောက်ကိုသော်၎င်း တန်ဖိုးပြနေပါက ၄င်း USB Port ကိုလဲလိုက်ပါ။
#USB Port ၏ Data နှင့် Power ငုတ်များအားခွဲခြားခြင်း
=====================================
1/ အပေါင်းငုတ် အနှုတ်ငုတ် မှန်အောင်အရင်ခွဲပါ။ 5V ထွက်သောငုတ်သည် အပေါင်းငုတ်ဖြစ်သည်။
2/ အပေါင်းငုတ်ကို 1 ဟုသဘောထားလိုက်ပါ။ နံပါတ် 2 ငုတ် နှင့် နံပါတ် 3 ငုတ်သည်
DATA အတွက်ဖြစ်သည်။
3/ နံပါတ် 4 ငုတ်သည် အသုံးနည်းပြီး များသောအားဖြင့် မည်သည့်ပါတ်လမ်းနဲ့ မှ
ချိတ်ဆက်ထားခြင်းမရှိသောကြောင့် NC Pin လို့ လည်းခေါ်ပါတယ်။
4)နံပါတ် 5 ငုတ်သည် Ground ငုတ်ဖြစ်သည်။
Credit: all
5.9.18
ARD 4 Removing
00:04 0
ARD 4 Removing
AntiRoll-back 4 Removing
For Redmi Note 5 Pro
Redmi Note 5 pro(whyred) ကို
စိတ်ကြိုက်ကလိချင်ကြပြီး ယခု ခေတ်စားနေသည့်
Antirollback(ARB) ကြောင့်
စိတ်အနှောင့်အယျှက်ဖြစ်နေကြတယ်ဆိုရင်
အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ပြီး
ARB protection ကိုဖယ်ရှားနိုင်ပါသည်။
.
For ARD 4
.
ပထမဦးစွာ
ဖုန်းကို bootloader unlock ပြုလုပ်ထားရမည်။
အောက်ပါ file ကို download ဆွဲပါ။
download link-  👇👇👇👇👇
https://mm1ink.net/BfWdN
download ဆွဲထားသည့် file ကို
adb & fastboot folder ထဲထည့်ထားပါ။
phone ကို fastboot mode သို့ဝင်ပြီး computer နှင့်ချိတ်ထားပါ။
adb & fastboot folder မှ တစ်ဆင့် cmd ခေါ်ပြီး အောက်ပါ
command ဖြင့် ARD 4 ကို unlocking ပြုလုပ်နိုင်ပါသည်။
.
fastboot flash antirbpass dummy.img
.
Credit - XDA
4.9.18
Anti-Rollback အကြောင်း
23:39 0
Anti-Rollback အကြောင်း
#Xiaomi
#Anti-Rollback
Q 1. Anti-Rollback ဆိုတာဘာလည်း?
Ans: Anti-Rollback ဆိုတာ Google က သူရဲ့ Android Os အတွက် Security Measure တစ်ခုအနေနဲ့ Android Version 8.x(Oreo) မှာ စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ users တွေရဲ့ ဖုန်းအခိုးခံရတဲ့အခြေအနေမှာ ခိုးယူသွားတဲ့သူက software downgrade ဆင်းဖို့ကြိုးစားလို့ မရအောင် ပြီးတော့ data တွေကို ထိန်းချုပ်ခွင့်မရအောင် ဖြစ်ပါတယ်တဲ့။
Q 2. Anti-Rollback ဟာ ကိုယ့်ရဲ့ device ကို အန္တာရယ်ဖြစ်စေနိုင်သလား? ဘယ်လို ဆိုးကျိုးပေးနိုင်သလဲ။
Ans: Anti-Rollback ဆိုတာ လုံခြုံရေး အစီအစဉ်တစ်ခုဖြစ်တာကြောင့် သာမန်အားဖြင့် သင့်ဖုန်းကို ဘာဆိုးကျိုးမှမပေးပါဘူး။
ဖုန်းကို Firmware အမြင့်ကနေ အနိမ့်ဆီသို့ downgrade ပြန်ဆင်းတဲ့အခါ anti-rollback သတိပေးချက်စာသားပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ဖုန်းမော်ဒယ်အမျိုးမျိုး Android အခြေခံ Os အမျိုးမျိုးရှိတဲ့ အတွက် တစ်ခုနဲ့တစ်ခု တုံ့ပြန်ပုံခြင်းတော့တူမှာမဟုတ်ပါဘူး။ Google ကဖော်ပြချက်အတိုင်းပြောရရင်တော့ bootloader unlock လုပ်ပြီးသား ဖုန်းတွေမှာ Anti-Rollback အလိုအလျောက်ပျက်ပျယ်ပါတယ်တဲ့။ ဒါပေမယ့် MIUI users အချို့ကြုံတွေ့နေရတဲ့ ပြဿနာကတော့ blu လုပ်ပြီးသားဖုန်းတစ်ချို့မှာတောင် miui downgrade ဆင်းတဲ့အခါ hard brick ဖြစ်နေတာကို ကြုံနေရပါတယ်။ နောက်ထပ်ထွက်မယ့် MIUI update တွေမှာ ဒါမျိုးမဖြစ်အောင် ပြင်ပေးမလားဆိုတာကိုတော့ မျှော်လင့်ရမှာပါပဲ။ ဒါပေမယ့် သိပ်လည်း မပူပန်ပါနဲ့။ ကျနော်တို့ developers တွေလည်း ဒီပြဿနာဖြေရှင်းဖို့ရာအတွက် နည်းလမ်းတစ်ခုခုတော့ ရှာတွေ့မှာပါလေ: D
Q 3. ဒါဆို Xiaomi က ဒီ Anti-Rollback ဆိုတာကြီးကို ဖြေရှင်းပေးမှာလား??
Ans: မသိပါ။ ဒါပေမယ့် XDA က ကျနော်တို့ developers ကြီးတွေကတော့ နည်းလမ်းရှာတွေ့မှာ အသေအချာပါပဲ။ (အားရစရာ 😁😁)
Q 4. ကိုယ့်ဖုန်းက(သို့မဟုတ်)Os က Anti-Rollback ဆိုတာကြီးရှိသလား မရှိလား ဘယ်လို သိနိုင်မလဲ??
Ans: fastboot getvar anti ဆိုတဲ့ fastboot command နဲ့စစ်နိုင်ပါတယ်။ 3 လို့ပေါ်ရင် Anti-Rollback မရှိပါဘူး။
4 လို့ပေါ်ရင်တော့ (သင်ကံဆိုးပါတယ်) Anti-Rollback squad ထဲ သင့်ဖုန်းပါနေပါပြီ။
Q 5. ကိုယ့်ဖုန်းက Anti-Rollback squad ထဲပါနေပြီဆို ဘာဖြစ်မလဲ? ဘာတွေဆောင်ရ ရှောင်ရမလဲ?
Ans: သိပ်လည်းမပူပါနဲ့။ Anti-Rollback ရှိနေပေမယ့်
Twrp လို custom recovery တွေ flash ပြီး Custom Roms တွေလည်း သုံးလို့ရပါသေးတယ်။ ဒါပေမယ့် အထူးသတိထားရမှာက လက်ရှိသုံးနေတဲ့ Rom Version (Miui, Aosp စသည်ဖြင့်) ထက် နိမ့်တဲ့ Rom ကို flash ပြုလုပ်ခြင်းကို လုံးဝ သတိထားရှောင်ကျဉ်ရပါမယ်။ဒါကိုသတိမထားပဲ Anti-Rollback ရှိနေတာကို Firmware Downgrade ဆင်းမိရင်တော့ hard brick ဖြစ်ဖို့ အလားအလာများပါတယ်။
Q 6. ဘယ် MIUI version တွေမှာ Anti-Rollback ဆိုတာရီး ပါလာပြီလဲ?
Ans: MIUI 9.5.17.0 gobal stable နဲ့ Miui 10 Beta 8.7.5 နောက်ပိုင်း ထွက်တဲ့ MIUI Romတွေ အကုန်လုံးမှာ Anti-Rollback ပါလာပါတယ်။ Global Rom တွေ မက Chinese Rom တွေမှာပါ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
Q 7. MIUI Stable V9.5.17.0 နဲ့ Beta 8.7.5 မှာ Anti-Rollback မပါဘူးပေါ့ ဟုတ်လား?
Ans: ဟုတ်ပါတယ်။ အဲ့ Version တွေ သုံးနေတဲ့သူတွေအတွက် old miui version ကို စိတ်ချလက်ချ Downgrade ပြန်ဆင်းနိုင်ပါတယ်။
Q 8. Anti-Rollback ရှိနေတဲ့အခြေအနေမှာ Stable ကနေ Beta သို့မဟုတ် Beta ကနေ Stable စသည်ဖြင့် အပြန်အလှန် ပြောင်းသုံးလို့ ရလား?
Ans: အဲ့လိုပြောင်းသုံးမယ်ဆိုရင်လည်း(stable ကနေ beta ပဲဖြစ်ဖြစ် Beta ကနေ Stable ပဲ ဖြစ်ဖြစ်) နောက်ဆုံးထွက်ထားတဲ့ latest version Rom ကိုသာ install ဖို့ အကြံပြုပါတယ်။
(အထူးသတိထားရမှာက လက်ရှိ ကိုယ် install ထားတဲ့ Miui Rom ဟာ anti-4 firmware ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်ပြန်ချိန်းတင်မယ့် Rom ဟာလည်း Anti-4 Miui (Beta or Stable) latest Version ပဲ ဖြစ်ပါစေ)
[Anti-4 ဆိုတာ Anti-Rollback ရှိနေတာကို ရည်ညွန်းတာပါ]
Q 9. Anti-Rollback ရှိနေတဲ့ အခြေအနေမှာ Custom Recovery တွေ Flash ပြီး Custom Rom တွေ သုံးလို့ရနိုင်ပါဦးမလား? Bootloader unlock လုပ်လို့ရပါဦးမလား?
Ans: bootloader unlock လုပ်လို့ရပါတယ်။
Custom Recovery flash တဲ့အခါမှာတော့ အရင်အခြေအနေနဲ့ အနည်းငယ်ကွဲပြားမှုရှိပါမယ်။ Anti-Rollback Rom ကို blu လုပ်ပြီးသည့်နောက် custom recovery သွင်းဖို့ရာ fastboot boot xyz.img ဆိုတဲ့ command နဲ့ custom recovery mode ထဲကို ဝင်ရပါမယ်။ (xyz.img ဆိုတာ ကိုယ် flash မယ့် recovery image ရဲ့အမည်ကို ရည်ညွှန်းပါတယ်)
အဲ့ဒီ့ recovery image ကို phone ရဲ့ internal storage ထဲမှာ copy ယူထားပေးရပါမယ်။
အထက်ပါ command သုံးလို့ recovery mode ထဲ ရောက်တဲ့အခါ internal storage ထဲက recovery image ကို တစ်ဖန်ပြန် flash ပေးရပါမယ်။ ပြီးရင်တော့ custom roms တင်လို့ရပြီပေါ့။
Q 10. Anti-Rollback ရှိတဲ့ Rom ကို Twrp ကနေ flash လို့ရလား?
Ans: ရပါတယ်။ အဲ့ဒါ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ
Anti-Rollback ရှိတဲ့ device တွေကို Aosp based Roms အမျိုးအစားတွေကနေ MIUI Rom ပြန်ချိန်းတဲ့အခါမှာတော့ twrp ကနေ flash တာထက် fastboot firmware တင်လိုက်တာက hard brick ဖြစ်နိုင်ခြေကို ကာကွယ်နိုင်မယ်ထင်ပါတယ်။
.......
Source: XDA
Credit To: Original Post owner
Xiaomi Code Name List
23:11 0
Xiaomi Code Name List
Xiaomi Smartphone Codename List
Mi devices:
================
Mi 2/2s        aries
Mi 2A          taurus_beta
Mi 3/4 W    cancro
Mi 3 TD      pisces
Mi 4 LTE CT       cancro_lte_ct
Mi 4i            ferrari
Mi 4c           libra
Mi 4s           aqua
Mi 5/5Pro   gemini
Mi 5s           capricorn
Mi 5s Plus   natrium
Mi 5c           song
Mi 5x          tiffany
Mi 6            sagit
Mi A1         tissot, tissot_sprout
Mi Note      virgo
Mi Note LTE    virgo_lte_ct
Mi Note       Pro leo
Mi Note 2    scorpio
Mi Note 3    jason
Mi Max       hydrogen
Mi Max Pro helium
Mi Max 2    oxygen
Mi Mix        lithium
Mi Mix 2     chiron
Mi 8 SE       sirius
Mi 8             dipper
Mi MIX 2S  polaris
Mi 6x           wayne
 Mi Tablet:
==================
Mi Pad 1       mocha
Mi Pad 2       latte
Mi Pad 3       cappu
Mi Pad 4       clover
Redmi devices:
======================
Redmi 1 TD           HM2013022
Redmi 1 W            HM2013023
Redmi 1S 4G         HM2014501
Redmi 1S TD         HM2014011
Redmi 1S W          armani
Redmi 2 Pro T       wt86047
Redmi 2 Pro          wt88047
Redmi 2 TD           HM2014813
Redmi 2 W            HM2014811
Redmi 2A lte26007
Redmi 3/3Pro       ido
Redmi 3S/3X       land
Redmi 4                prada
Redmi 4 Pro         markw
Redmi 4 A            rolex
Redmi 4X             santoni
Redmi 5A             riva
Redmi 5                rosy
Redmi 5 Plus        vince
Redmi 6                cereus
Redmi 6A             cactus
Redmi 6 Pro         sakura
Redmi Note1 4G  dior
Redmi Note1S 4G gucci
Redmi Note 1 W   lcsh92_wet_jb9
Redmi Note 1TD  lcsh92_wet_tdd
Redmi Note 2        hermes
Redmi Note 3        hennessy
Redmi Note 3Pro   kenzo
Redmi Note 4 (MTK)     nikel
Redmi Note 4 (SD)         mido
Redmi Pro             omega
Redmi Note 3Pro SE 
Redmi Note 5A Lite    ugglite
Redmi Note 5A Prime   ugg
Redmi Note 5 Pro       whyred
kate
Credit: all
1.9.18
Windows တင်လို့ မရဖြစ်နေပါသလား ???
08:54 0
Windows တင်လို့ မရဖြစ်နေပါသလား ???
Windows တင်လို့ မရဖြစ်နေပါသလား👨💻
Partition တွေကို Windows တင်လို့ မရဖြစ်နေသူတွေအတွက် Hard Disk Partition နဲ BIOS, Firmware အကြောင်း သိကောင်းစရာ အနည်းအကျဉ်းကိုဖော်ပြပေးလိုက်ပါတယ်။
 Windows တင်တဲ့အချိန် Partition ရွေးပေးတဲ့အခါမှာ ကိုယ်ရွေးလိုက်တဲ့ Partition က Windows တင်လို့ မရ၊ ဘာမှလုပ်လို့ မရပဲ၊ Next ကလည်း မိန်နေတာ ကြုံဖူးပါသလား။ Hard Disk တစ်လုံးတည်း ပေါ်မှာ Windows,Server,Linux OS တွေကို Partition တစ်ခုချင်းစီမှာ တင်လို့ မရဖြစ်နေပါသလား။ Windows OS ရှိနေတဲ့ HDD မှာ Linux OS ထပ်တင်လိုက်လို Windows ကိုပြန်ဖွင့်တဲ့အချိန်
Security Boot Fail
ဖြစ်တာကြုံဖူးပါသလား။ ကွန်ပျုတာ System အကြောင်းတွေကို လေ့လာရတာ ဝါသနာပါလား။ အဲ့ဒါဆိုရင်တော့ Hard Disk Partition နဲ BIOS,Firmware အကြောင်းကို သိထားသင့်ပါ တယ်။ ဘယ်သူတွေ ပိုသိထား၊လေ့လာသင့်သလဲ။ ကွန်ပျူတာစလေ့လာနေသူတွေ၊ A+ သင်တန်းတက် နေသူတွေ၊ ကွန်ပျူတာ Service Technician အဖြစ် လုပ်ကိုင်နေသူတွေ၊ ကိုယ်တိုင် Windows တင်မယ့်သူတွေ၊ ဗဟုသုတအဖြစ် သိထားချင်သူတွေ လေ့လာသင့်ပါတယ်။ (ဖတ်ချင်လာအောင် အရင်မြုဆွယ်တာ။)
Hard Disk ကို အခြေခံအားဖြင့် ခွဲခြားလေ့လာကြည့်မယ်ဆိုရင် MBR နဲ GPT ဆိုပြီးနှစ်မျိုး နှစ်စား ရှိပါတယ်။ MBR (Master Boot Record) ဆိုတာက အများဆုံး 2 TB ပဲ လက်ခံနိုင်သော Partition Table Format ဖြစ်ပါတယ်။ MBR မှာ 2TB ထက်ကျော်သော Hard Disk ကို သုံးနေရင် စက်မှာ အများဆုံး 2TB ပဲ ပေါ်နေမှာ ဖြစ်ပါတယ်။ MBR Disk မှာ Partition ကို Primary Partition အဖြစ် အပိုင်း 4 ပိုင်း အထိပဲ ခွဲနိုင်ပါတယ်။ လေးပိုင်းထက် ပိုသော Partition များကို လေးပိုင်းမြောက် Partition ကနေ Extended Partition သို့ မဟုတ် Basic Disk ကနေ Dynamic Disk အဖြစ် ပြောင်းလဲသွားပါတယ်။
Dynamic Disk ဖြစ်သွားရင် Basic Disk ကို အလွယ်တကူ ပြန်ပြောင်းလို့ မရနိုင်ပါဘူး။ Data တွေ အကုန် Backup လုပ်ပြီး Volume ကို Delete လုပ်၊ Diskpart ထဲ ဝင်ပြီး Dynamic Disk ကို Basic Disk Convert လုပ်ပေးရပါမယ်။ GPT (GUID <Globally Unique Identifier> Partition Table) ဆိုတာက 9400000000 TB အထိ အသုံးပြုနိုင်သော Disk Format အမျိုးစားဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ Hard Diskက 2TB ထက်နည်းတဲ့ Hard Disk ဆိုရင် MBR ကို ရွေးအသုံးပြုရပါမယ်။ 2 TB ထက် ကျော်သော Hard Disk နဲ Boot တော့ မလုပ်ဘူး၊ Data တွေပဲ ထည့်ယူအသုံးပြုယုံပဲ ဆိုရင် GPT ကို ရွေးအသုံးပြုရပါမယ်။ တကယ်လို 2 TB ထက်လည်းများပြီး OS တစ်ခုမကပဲ တစ်ခြား OS တွေနဲ Boot တက်ချင်တယ်၊ Windows, Linux OS တွေ တင်ချင်တယ်ဆိုရင်လည်း GPT ကို ပြောင်းပေးရပါမယ်။
GPT ကိုပြောင်းသုံးဖို့ အလွယ်တော့ သုံးလို့ ရမှာ မဟုတ်ပါဘူး။ Operation System ကိထောက်ပံ့ပေးထားတဲ့ UEFI (Unified Extensible Firmware Interface) ဖြစ်ဖို့ လိုပါတယ်။
BIOS
ဖြစ်နေတယ်ဆိုရင် GPT Partition တွေမှာ Windows တင်လို့ မရပါဘူး။ BIOS နဲ GPT ပေါ်မှာ Windows တင်ဖို Partition ရွေးတဲ့အချိန် ဒီ Partition မှာ တင်လို့ မရဘူးလို Message box
ပေါ်လာမှာပါ။ အဲ့ဒီ GPT ကို Delete လုပ်၊ Format ချလိုက်သော်လည်း Windows တင်လို့ မရနိုင်ပါ။ သုံးလို့ ရနေတဲ့ OS နဲ Disk Management ကနေလည်း အလွယ်တကူDelete လုပ်၊ Format ချလို့ လည်း ရနိုင်မည်မဟုတ်ပါ။Delete, Format လုပ်နိုင်သော်လည်း OS တင်လို့ မရနိုင်မည်မဟုတ်ပါ။
မယုံရင်တော့ စမ်းကြည့်နိုင်ပါတယ်။ Legacy BIOS System မှာ MBR Partition Format နဲ့ ပဲ Boot တက်လို့ ရနိုင်ပါတယ်။ နောက်ပြီးတော့ MBR မှာ Boot တက်နိုင်တဲ့ Partition ကို ကန့် သတ် ထားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Bootloader/ Boot Manager ကို Single Pointer ပဲ ပြလို့ ပါ။ MBR မှာ ဘယ်နှစ် Sector ပဲ ရှိတယ်ဆိုတာတွေတော့ ထည့်မရေးတော့ပါဘူး။ ရေးမယ်ဆိုရင် အရှည်ကြီးပါ။ MBR ကနေ GPT ကိုပြောင်းချင်တယ်ဆိုရင် MBR မှာ ရှိနေတဲ့ Data တွေကို ကူးထားပြီး Delete လုပ်၊ Right Click နှိပ်ပြီး Convert To GPT ပြောင်းနိုင်ပါတယ်။ Cmd ထဲဝင်ပြီး Diskpart ခေါ်၊ ပြောင်းချင်တဲ့ Disk ကို ရွေးပြီး Clean လုပ်၊ Convert GPT လုပ်ပြီးလည်းပြောင်းနိုင် ပါတယ်။ ဒါပေမယ့် UEFI Firmware ကို မသုံးချင်တော့လို GPT ကနေ MBR ပြန်ပြောင်းချင်တယ် ဆိုရင် Hard Disk တစ်ခုလုံးကို Format ချပြီးမှ ပြန်ပြောင်းနိုင်ပါမယ်။ အခုနောက်ပိုင်းထွက် မော်ဒယ်မြင့်စက်တွေမှာ GPT ကို အလွယ်ပြောင်းလို့ မရပါဘူး။ UEFI နဲ့ သုံးနေတဲ့စက်မှာ တစ်ခြား OS တစ်ခု ထပ်တင်လိုက်လို Security Boot Fail ဖြစ်သွားခဲ့ရင် UEFI Setting မှာ Secure Boot ကို Disable လုပ်ထားရမယ်။ အကျဉ်းချုပ်ပြောရရင် BIOS နဲ MBR Partition လေးပိုင်းထက်မပိုတဲ့ Partition တွေမှာ တစ်ခြား OS တွေ ထပ်တင်လို့ ရမယ်။ လေးပိုင်းထက်ကျော်သွားလို Extended Partition တွေမှာ တင်လို့ မရဘူး။ UEFI Mode နဲ့ ဆိုရင် Secure Boot ကို Disable ပေးထားပြီး GPT Partition တွေမှာ တစ်ခြား OS တွေ ထပ်တင်လို့ ရတယ်။ Legacy BIOS System ဖြစ်နေပြီး GPT Partition တွေကို Delete,Format ချ၊Windows တင်ဖို့ မလွယ်ကူပါဘူး။ UEFI Mode နဲ GPT Partition တွေသာပြောင်းထားရင် မိမိစက်မှာ HDD Space များရင်များသလောက် OS ပေါင်းများစွာ ကို တင်ထားလို့ ရပါတယ်။ ကျနော်တို စက်မှာ Windows 10 နောက်ဆုံးUpdate, Windows Server 2016, Kali OS သုံးခုကို တစ်ပြိုင်တည်း တင်ထားပါတယ်။ ကွန်ပျူတာတစ်လုံးတည်းမှာ Virtual Machine နဲ မဟုတ်ပဲ Partition တိုင်းမှာ Windows,Server, Ubantu,Kali စတဲ့ Linux OS တွေကို မတင်တတ်သေးလို့ တင်ချင်တယ်ဆိုရင် အချိန်လည်းပေးရ။ နောက်ပြီး ဘယ်ဟာမှ အလကားမရတဲ့ အတွက် အခကြေးငွေယူပြီး သေချာတင်ပေးပါတယ်။ Linux Tutorial Video File တွေလည်း အခြေခံအသုံးပြုနည်းကနေ အဆင့်မြင့် hacking ပိုင်းထိပါတဲ့ Youtube ကနေ Download ဆွဲထားတဲ့ Video File ပေါင်းများစွာကိုလည်း တစ်ပါးတည်း ထည့်ပေးပါတယ်။ ကိုယ်တိုင်တင်တတ်ရင် တင်နိုင်ပါတယ်။ (
Credit: ရေးသားသူ= အောင်သူရဝင်း(NetComplus)
Youtube Channel