မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ
Free Bitcoin for u
coinpayu
23.8.18
နောက်ဆုံး အပိုင်း
၇။ Meta Mode
၈။ CPU Mode
၉။ Download Mode
၁၀။ Charging Mode
၁၁။ Sideload Mode
 uni
(Android ဖုန်းတွင် ပါ၀င်လေ့ရှိသော အခြေခံ Modeများ အကြောင်း
နောက်ဆုံး အပိုင်း
၇။ Meta Mode
Meta Mode ကို အများဆုံးအသုံးပြုတာကတော့ Box တွေမှာ အသုံးပြုတာများတယ် CPU Mode နဲ့ ဆင်တူသယောင်ရှိသော်လည်း Computer မှာ Detect သိတဲ့ပုံစံမတူပါဘူး၊ Meta Modeမှာ Adb Driver ကို သိရှိပါတယ်။Mtk Device တွေကို imei ရေးသားခြင်း၊Network repairပြုလုပ်ခြင်းများကို Meta Modeမှ ပြုလုပ်နိုင်ပါတယ်။
၈။ CPU Mode
Cpu Mode ကို Flash tool များက Firmware တင်ရာတွင် အဓိကအသုံးပြုကြသည်၊ CPU Driver ကို Computer ကနေ သိပါတယ်။ အသုံးပြုထားသော CPU အမျိုးအစားပေါ် မူတည်ပြီးတော့ အသုံးပြုရတဲ့ Tool တွေကွဲလွဲမှုရှိမှာဖြစ်ပါတယ်။ CPU Mode ကနေ Firmware (DUMP File) Flash ခြင်းဖြင့် Dead boot အများစုကို ကယ်တင်နိုင်ပါတယ်။
၉။ Download Mode
Samsung Firmware တင်ရာတွင် အသုံးပြုသော Mode တစ်ခု ဖြစ်သည်။
၁၀။ Charging Mode
USB ခေါင်းမှ VCC နှင့် Ground သာအလုပ်လုပ်သော အခြေအနေကို Charging Mode ဟု ခေါ်ပါသည်။ Charging Mode တွင် Data Point များ အလုပ်မလုပ်ပါ။
၁၁။ Sideload Mode
Sideload Mode ဆိုတာကတော့ recovery mode ကနေ ခွဲထွက်ထားတဲ့ Mode တစ်ခုဖြစ်ပြီးတော့ Zip file တွေကို ကွန်ပြုတာကနေ ဖုန်းဆီသို့ တိုက်ရိုက်ပို့ဆောင် install ပြုလုပ်ရာမှာ အသုံးပြု ပါတယ်။ Sideload Mode မှနေ၍ Computer မှ Phone ဆီသို့ zip file ကို ပို့ဆောင်ရာမှာ adb command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။(adb sideload “file name”)
No comments:
Post a Comment
Note: only a member of this blog may post a comment.
Youtube Channel