အမုန်းစကား - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

21.8.18

အမုန်းစကား

အမုန်းစကား
******** Facebook ကိုသုံးနေခဲ့တယ်ဆိုရင် ဖတ်ပေးကြည့်နော်.******
----------------------------------------------------------------------
" လမ်းလျှောက်ရင် ခလုတ်ဆိုတာ တိုက်မှာပဲ
ဆက်လျှောက်မလား... သတိပိုထားပြီးတော့... ဒါမှမဟုတ်
တိုက်မိတဲ့ ခဲတွေကို ပြန်ကန်နေမှာလား"
----------------
လူတစ်ယောက်က လူတစ်ယောက်ကို မုန်းနေလို့ အမုန်းစကားတွေ ဆိုလာတာ... ဆိုနေတာ....
တကယ်တော့ သူတို့ ၂ ယောက်သို့မဟုတ် ထိုထက်ပိုများတဲ့ကြားမှာ တကယ်မုန်းလောက်တဲ့ ပြဿနာမရှိကြဘူး...
မုန်းချင်လို့ကို မုန်းနေကြတာပါ...
ဒီတော့ မုန်းလို့ပြောဆိုတော့ စကားတွေ ရိုင်းလာတယ်၊ အပြုအမူတွေရိုင်းလာတယ်၊ သဏ္ဍာန်တွေပါရိုင်းလာရတယ်...
Facebook ဆိုတာကြီးက တွေးကြည့်လေ နက်နဲလေပဲ
ပညာကိုမဟုတ်ပါဘူး... အရိုင်းတွေ၊ အယဉ်တွေ၊ ပညာတွေ၊ ဗယုတ်တွေ၊ စိတ်ဆန္ဒတွေ၊ အတ္တတွေ၊ အချစ်တွေ၊ အမုန်းတွေ၊ ဂုဏ်တွေ ၊ ရသတွေ
အိုး... အများကြီး.. အများကြီးပါပဲဗျာ...
ဘာနဲ့တူသလဲဆိုတော့ ဖွင့်ဟရမယ့် စကားလုံးအစုံပါနေတဲ့ အဘိဓာန်ထက်တောင် နက်နဲဦးမှာပါ...

မိတ်ဆွေ ဒီပို့စ်လေးကို ဖတ်မိလိုက်ရင် ပြင်ဆင်လိုက်ပါလားဗျာ.....
၁။ တစ်ဦးတစ်ယောက်ကို ကိုယ့်နဲ့ ကိုယ့်မိသားစုကိုမထိခိုက်ပဲ သွားမဆဲဆိုပါနဲ့ အပြစ်မတင်ပါနဲ့လား..
၂။ တစ်ဦးတစ်ယောက်က လာဆဲရင်လည်း ကိုယ်ဟာသူ့အပေါ် အပြစ်မတင်ထားရင် ထိုအဆဲကို ထိုအပြစ်စကားကိုကိုယ်နဲ့မဆိုင်ပါဘူး ကိုယ့်ဆီလာတာမဟုတ်ပါဘူးလို့ ပြန်ပေးလိုက်ပါ... ဒီတိုင်းထားလိုက်ပါ
၃။ ဝေဖန်မစောပါနဲ့... အလကားအချိန်ကုန်ခံ လိုက်ပြီး ဝေဖန်မနေပဲ ကောင်းသောစကားတွေနဲ့သာ အပျော်တွေနဲ့သာ ကုန်ဆုံးလိုက်ပါလား..
၎။ ကိုယ့်ကို လာဝေဖန်နေရင်လည်း ချက်ချင်း ခွန်းတုံ့မပြန်လိုက်ပါနဲ့
မနက်ဖြန်ဆိုတာကြီးမှာ သူလည်း သူ့ဘာသာ ပြန်သိခွင့်ပေးထားလိုက်ပါနော်..

မနေ့က Myanmar Idol ကြည့်တယ် အဲ့ကတည်းက ရေးမလို့ပါ
ဒီနေ့မှ အခုမှအားလို့ရေးမိတာ..
ကျွန်တော်ရေးတာ ဖတ်မိတဲ့ မိတ်ဆွေတိုင်း ဆင့်ကမ်းလိုက်ပါ။ ဆန္ဒရှိရင်ပေါ့နော်... တကယ်တော့
ဆရာဖေမြင့် ဘာသာပြန်စာအုပ်ထဲကလိုပဲ ကြယ်ငါးကောက်တဲ့သဘောပါ။
အဓိက မိတ်ဆွေတိုင်းတင်လာတဲ့ Post တိုင်းမှာ ဆူးတွေမပါစေချင်တာပါ...
Post တိုင်းဖတ်ပြီး .. ရယ်ချင်ပါတယ်... ပြုံးချင်ပါတယ်... ကြည်နူးချင်ပါတယ်....ပီတိဖြစ်ချင်ပါတယ်...
အတုယူအားကျချင်ပါတယ်... သင်ယူချင်ပါတယ်ဗျာ....

ဘာရယ်မဟုတ်မျှဝေစိတ်ဖြင့် ရေးမိခြင်း
Credit: သန်းထိုက်(ရွှေရိပ်)

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel