Firmware Image - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

25.8.18

Firmware Image



Firmware Image ဖိုင်တွေရဲ့ တစ်ဖိုင်ချင်းဆီ အသုံးဝင်ပုံများ

အားလုံးပဲ မင်္ဂလာပါ

Mtk Firmware ထဲမှာ ပါဝင်တဲ့ ဖိုင်တွေရဲ့ အသုံးဝင်ပုံ အလုပ်လုပ်ပုံ အကြောင်းအရာတွေကို ကျနော် သိသလောက် တင်ပြပေးပါ့မယ်ဗျ


boot.img က ကျနော်တို့ ဖုန်းတစ်လုံး Second Logo ကနေ Home Screen ထိ ရောက်နိုင်ဖို့
မောင်းပေးတဲ့ Driver ပါ. အဲ့ဒီတော့ ဒီ Boot ဖိုင်က ဘယ်နေရာမှာ အရေးကြီးတာလဲ မှားရင် ဘာတွေဖြစ်တတ်သလဲ…….. သူ့ ID နဲ့ မကိုက်တဲ့ Boot ဖိုင်တွေ ဆိုရင် Logo လည်တာမျိုး
Second logo ကနေ ဆက်မတက်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်. နောက်တစ်ခုက ကျနော်တို့
ဖုန်းကို လိုသလို ထိန်းချုပ်နိုင်တဲ့ Root ဆိုတဲ့ Partition ဖိုင်က Boot ထဲမှာ ပါတဲ့အတွက် လုံးဝကို
တိကျမှ ရမှာပါ..Model တူပေမယ့် ID လွဲနေတဲ့ ဖုန်းထဲက Boot ထဲ့ရင် သေချာတယ် Logo လည်မှာပါ..
.
cache.img က ဖုန်းတွေရဲ့ Recent တွေ ထိန်းချပ်တဲ့ Partiton ပါ.သူ့ကျတော့ ဘာမှ ထွေထွေထူးထူး လုပ်စရာ သိပ်မရှိပါဘူး
.
Checksum.ini က ကျနော်တို့ ဖုန်းတွေ Firmware ရေးတဲ့အခါ EMMC ကိုသွား စစ်ပေးဖို့အတွက် လမ်းကြောင်းပေးတဲ့ Driver ပါ SP Flashtool version အနိမ့်မှာ အဖြုတ်အတပ် ခလုပ်ပါပါတယ်။
သူ့ကို အမှန်ခြစ်ဖြုတ်ြ့ပီး တင်တာ ပိုပြီး Save ဖြစ်ပါတယ်ခင်ဗျာ။
EBR1, EBR2, MBR ဖို်င်တွေက Firmware သိမ်းတဲ့ Storage ဖိုင်ကို သတ်မှတ်ပေးတာပါ.
တစ်ခါတစ်လေမှာ Emmc Error တက်နေတဲ့ အချို့ဖုန်းတွေ ဆို သူ့ကို Firmware ရိုက်လို့ EBR1, EBR2, MBR ဖိုင်တွေထဲက သတ်မှတ်ထားတဲ့ Partition ဆိုဒ်က တအားကြီးနေတဲ့အခါမျိုးမှာ Firmware တင်ရင် Error တက်ပါတယ်၊ Tool Large ဆိုတဲ့ Error မျိုးတွေပါ။
.
အဲ့မှာ နောက်တစ်ခုက AP ဖိုင်နဲ့ BP ဖိုင်ပါ တော်တော်များများ သတိမထားမိကြဘူး
တကယ်တော့ သူတို့ ကျနော်တို့ IMEI ပြန်ရေးတဲ့နေရာ အဓိက လိုတာပါ၊ တချို့ IMEI ပြန်ရေးတဲ့
Tool တွေဆို AP နဲ့ BP ဖိုင်တွေတောင်းပါတယ်။ သူ့ Model မတူပေမယ့် CPU No. တူရင် အလုပ်လုပ်ပါတယ်။
.
Kernal ဆိုတဲ့ ၂ ဖိုင်ကတော့ ဘာလုပ်လဲ ဘယ်နေရာမှာ သုံးရတာလဲ ကျနော်
သေချာ မသိသေးလို့ မရေးပေးတော့ဘူးဗျ။
.
နောက်တစ်ခုက lk.bin တစ်ချို့ Firmware တွေမှာက Uboot.bin ဆိုပြီးပါပါတယ် သူတို့ ၂ ခုက တူတူပါပဲ၊ ဘယ်နေရာလဲ ဆိုတော့ LCD Driver တွေပါ င်္Firmware တင်ပြီးလို့ Display ဖြူသွားတာမျိုး စင်းသွားတာမျိုး ဖြစ်သွားတဲ့ အခါ ကျနော်တို့ ဒီဖိုင်ကို ချိန်းပေးကြည့်တာပါ. အဲ့နေရာမှလည်း ဖုန်းရဲ့ ID တူမှ Display ပြန်ကောင်းလာမှာပါ. ကျနော်တို့ Display ဖိုင်ထုတ်ရင် အဓိက ဒီဖိုင်ပါ ပြီးတော့ Boot ဖိုင်ရယ်ပါ.
.
Logo.bin ကတော့ ဖုန်းတွေ First Logo တက်လာတဲ့အခါ မြင်ရတဲ့ Logo image ဖိုင်ပါ Edit လုပ်ချင်ရင်တော့ .jpg တွေဖြစ်နေတဲ့ ဖိုင်မှ Edit လုပ်လို့ ရပါမယ်။
.
နောက် MT6589_Android_Scatter_emmc.txt က အဓိက main ဖိုင်ပါ.
Firmware ထဲမှာ ပါတဲ့ Img ဖိုင်တွေ Bin ဖိုင်တွေကို သူကပဲ အဓိက လမ်းကြောင်းပေးတာပါ။
ကျနော်တို့ Vibrate Fix တို့ Display Fix တို့ Speaker Fix တို့ ထုတ်ရင် ဒီထဲက စာကြောင်းလေးတွေကို ပြင်ပြီး ထုတ်တာပါ txt ဖိုင်ကိုတော့ notepad++ နဲ့ ဖွင့်ကြည့်ပီး Edit လုပ်နိုင်ပါတယ်။
.
preloader ဖိုင်ကတော့ Firmware တင်တဲ့အခါ Firmware ဆွဲတာ မဆွဲတာ  သူနဲ့ ဆိုင်ပါတယ်. တစ်ခါတစ်လေမှာ အနီတန်းပြေးပြီး ရပ်နေတာမျိုး  Error Code လည်း မတက်ဘဲ အကြာကြီးရပ်နေတာမျိုးဆို
သူ့ကို ချိန်းကြည့်ပါ။
.
ram disk ကတော့ Ram Size ပါ သူကတော့ Error မတက်ပါဘူး
.
Recover.img ကတော့ သိပြီးသားဖြစ်မှာပါ ဖုန်းတစ်လုံးကို Vol Up or Downl + Power တွဲနှိပ်ပြီး ၀င်ရတဲ့ Recovery ဖိုင်ပါ. Root ဖောက် မရတဲ့ ဖုန်းတွေအတွက် ဒီ Official recovery နေရာမှာ CWM လို့ ခေါ်တဲ့ Developer တွေ Edit လုပ်ထားတဲ့ Recovey ဖိုင်ကို အစားထိုးပေးလိုက်တာပါ
တစ်ချို့ Model မြင့် အလုံးတွေမှာ ဒီ Recovey Partition ကို Bootlaoder က
ထိန်းချုပ်ထားတဲ့အတွက် Bootloader Unlock မလုပ်ဘဲ ဒီ CWM ကို Flastool
နဲ့ တင်မိရင် Logo ရပ်ပါတယ.်.. အဲ့ဒီအခါ Official recovey ကိုပဲ ပြန်ထည့်ပေးလိုက်ပါ။
.
Secro.img သူလည်းအရေးကြီးပါတယ် Firmware တင်လိုက်လို့ တခြား ဖိုင်တွေ ကြောင်း Error မတက်ဘဲ သူ့ကြောင့် တက်တဲ့ Error ဆိုရင် Vibrate Error ပါ တုန်ပဲ တုန်နေပါမယ်. Vibrate ဖြစ်တဲ့နေရာမှာ Power ခလုပ်နှိပ်လိုက်လို့ ဘာမှ တက်မလာပဲ တုန်ပဲ တုန်နေရင် ဒါ Dead သွားပြီး Secro ဖိုင်ကြောင့် မဟုတ်ပါ.LCD တစ်ချက်လင်းလာမယ်ြ့ပီးမှ တုန်နေတာဆို Secro ကြောင့်ပါ.
.
နောက်တစ်ခုက System ပါ ပြောစရာ မလိုတော့ပါဘူးနော်. သူမပါရင် မပြီးဘူးလေ.
.
နောက်ဆုံးတစ်ခုက Userdata ပါ သူမပါဘဲ Huawei အချို့ဖုန်းတွေ Firmware တင်မိရင် Emergency Data Error တက်တတ်ပါတယ်. တက်ခဲ့ရင် တခြားmodel တူ အလုံးထဲက userdata တစ်ဖိုင်ထဲ Flash ပေးပါတယ် ပြီးရင် Factory Reset ချပါ. ဒါမှ တက်မလာသေးရင် ic ကြောင့်ပါ.နောက်တစ်ခုက Userdata ဆိုတာ ဖုန်းတစ်လုံးမှာ ကျနော်တို့ Install လုပ်လိုက်တဲ့ apk တွေ Lock တွေ သိမ်းတဲ့ partition ပါ. ဒါကြောင့်မို့ mtk ဖုန်းတွေ Lock ကျနေလို့ Firmware ပြန်တင်ရမယ်ဆို Error ကင်းကင်းနဲ့ တင်ချင်ရင် Userdata တစ်ဖိုင်ထဲတင်ပါ. .. Lock လည်း ပြုတ်သွားပါမယ်. Error လည်း မတက်ပါဘူး

အားလုံး အဆင်ပြေကြပါစေဗျာ

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel