Mic အကြောင်း အပြည့်အစုံ - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

16.10.18

Mic အကြောင်း အပြည့်အစုံ

Mic အကြောင်း
Circuit board ပြားပေါ်က mic နေရာမှာတိုင်းတာကြည့်ရင်
ရိုးရိုးmic ဆိုရင် တစ်ခုက connection ပြမယ် တစ်ခုက Gnd ကျနေမယ်
အဲ့လိုဆို တစ်ခုက mic + လမ်းကြောင်း , Gnd ကျနေတဲ့တစ်ခုက Mic- လမ်းကြောင်းပေါ့
အဲ့လို မဟုတ်လား -ဟုတ်ပါတယ် .. အဲ့လိုပါဆိုရင်တော့ အောက်က စာကို နဲနဲလေး ဆက်ဖတ်ကြည့်ပါ

Connection ပြနေတဲ့လမ်းကြောင်းက Mic+ လမ်းကြောင်း တော့ ဟုတ်တယ်
Gnd ကျနေတဲ့ ငုတ်က Mic – လမ်းကြောင်း မဟုတ်ဘူးဗျ အဲ့ငုတ်က ကိုယ်တပ်မယ့် mic အလုပ် လုပ်ဖို့အတွက် Gnd ချပေးထားတာ pm ic သို့မဟုတ် CPU ထဲကို Audio Frequency ပို့ပေးမယ့် လမ်းကြောင်း မဟုတ်ပါဘူး Mic negative လမ်းကြောင်းကို ခဏမေ့ထားပြီး
Mic အလုပ်လုပ်ပုံအကြောင်းကို ကြည့်ကြည့်ရအောင်…

1. Mic-BIAS
2.Mic +(positive)
3.Mic-(negative)
#Mic_BIAS ဆိုတာ CPU ဒါမှမဟုတ် Power ic ကနေပြီးတော့ Mic အသုံးပြုမယ့် အချိန်ကျမှ
Mic အလုပ်လုပ်ဖို့ရာ အတွက် Mic ကိုVolt ထုတ်ပေးတဲ့ လမ်းကြောင်းပါလို့
အကြမ်းဖျဉ်း သိထားရပါမယ်

ဖုန်းရဲ့ touch screen ကနေပြီးတော့ ကိုယ်ဘာနှိပ်လိုက်သလဲ ဘာခိုင်းလိုက်သလဲဆိုတာ
Touch နဲ့ဆိုင်တဲ့ SCL , SDA လမ်းကြောင်းတွေကတဆင့် CPU က သိတယ်
သီချင်းဖွင့်လိုက်တယ်ဆိုရင် ကိုယ်ဖွင့်လိုက်တဲ့ သီချင်းနဲ့ သက်ဆိုင်တဲ့ Audio Data ကို
CPU ကနေ Audio Amp ကို ပို့ပေးမယ် ဖုန်းခေါ်လိုက်တယ်ဆိုရင် Rf ic ကို
TX လှိုင်းလွှင့်ထုတ်ခိုင်းမယ် .. အဲ့လိုပဲ ဖုန်းခေါ်လိုက်တယ် recording လုပ်လိုက်တယ်ဆိုတာနဲ့
Mic အလုပ်လုပ်ဖို့ရာအတွက် လိုအပ်တဲ့ Voltage ကိုလဲ ထုတ်ပေးလိုက်တယ် Mic ကို
အမြဲတမ်းကြီး Volt ရောက်မနေဘူး ဖုန်းခေါ်တဲ့ အချိန် , recording လုပ်တဲ့ အချိန်မှာပဲ
Mic ကို volt ရောက်ပါတယ် အဲ့ဒီ့ volt ကို Mic-BIAS လမ်းကြောင်းကနေပေးပါတယ်

Mic+(positive) , Mic(negative) ဆိုတာ ခုနက BIAS လမ်းကြောင်းကနေ ohm တန်ဖိုးရှိတဲ့
Resistor နှစ်လုံးခံပြီး Mic ဆံကို Volt ပေးလိုက်တော့ Mic စပြီး အလုပ်လုပ်ပြီပေါ့ Micအလုပ်က
ဘာလဲ ဘေးနားက အသံတွေကို ဖမ်းယူပေးတဲ့ အလုပ်ကို လုပ်တယ် အဲ့ဒီ့ ဖမ်းယူရရှိတဲ့ Audio Frequency တွေကို Mic + လမ်းကြောင်း နဲ့  Mic – လမ်းကြောင်းကနေတဆင့် CPU Ic ထဲကို
Coupling Capacitor တစ်လုံးစီခံပြီး ပို့ဆောင်ပေးတယ် Coupling ဘာလို့ခံထားရလဲဆိုတာတော့ မပြောတော့ပါဘူးနော် Child play တွေမဟုတ်လား 😂😂😂

အောက်ကပုံကို ကြည့်မယ်ဆိုရင် Mic+ , Mic -လမ်းကြောင်းကို အရင် မကြည့်ပါနဲ့ ဖုန်းခေါ်
Recording လုပ်ပြီဆို BIAS လမ်းကြောင်းကနေ Mic အလုပ်လုပ်ဖို့ Volt ကို R နှစ်လုံးခံပြီး
Mic ဆံကို Volt ပေးမယ် Mic အလုပ်လုပ်ရင် ဘေးက အသံတွေဖမ်းမယ် ရလာတဲ့ အသံတွေကို
Mic + နဲ့ – လမ်းကြောင်းကနေ Cpu ကို ပို့မယ် မရှင်းဘူးလား

အလုပ်လုပ်ပုံတော့ သိပါပြီ Mic မရရင် ဘယ်လိုပြင်ရမလဲ -
Mic မရတဲ့ ပြစ်ချက်ရဲ့ 50% က Mic ဆံပျက်တာ 30%က BIAS Voltage မထွက်တာ
10%က Mic +, – လမ်းကြောင်းပျက်တာ , ကျန်တဲ့ 10% က သူငယ်နာ ပြန်သာပေးလိုက်
ပြင်မနေနဲ့ 😜😜😜

သီအိုရီ ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက် နားလည်ထားလဲ ဆိုတဲ့အချက်ပေါ်
အများကြီး မူတည်ပါတယ် အောင်မြင်ကြပါစေခင်ဗျ
Credit: Sir: Zaw Win Htut MIC

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel