9008 mode ကနေ Qualcomm တွေ Dload တင်မယ် - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

23.8.18

9008 mode ကနေ Qualcomm တွေ Dload တင်မယ်

9008 mode ကနေ Qualcomm တွေမှာ Dload တင်ကြမယ်
========================================
1. အောက်က Link မှာ ပါတဲ့ ဖိုင်ကို ဒေါင်းပါ
ပါဝင်တဲ့ ဖိုင်တွေက .....
a. Huawei Update Extractor
b. qpst_2.7.422.7
c. 0311_W00

2. ကွန်ပျူတာရဲ့  Desktop ပေါ်မှာ Folder တခု အသစ်တည်ဆောက်ပြီး အဲဒီ အထဲမှာ Zip ဖြည်ထားပါ
Firmware တင်မဲ့ ဖုန်းရဲ့  သက်ဆိုင်ရာ Dload ဖိုလ်ဒါထဲကUPDATE.APP ဖိုင်ကို Huawei Update Extractor နဲ့ ဖြည်ချပေးပါ...ဖြည်ပုံဖြည်နည်းက သူ့ ကို ဖွင့်လိုက်ရင်Update file ဆိုတဲ့ အကွက်ရဲ့ ညာဖက်က လေးထောင့်လေးကိုနှိပ်လိုက်ပြီး ဒေါင်းထားတဲ့ UPDATE.APP ကို Open လုပ်ပါ အဲဒီအခါ အောက်က ဇယားကွက်ကြီးထဲမှာ ဖိုင်တွေ အများကြီးကျလာလိမ့်မယ် အဲဒီ ဖိုင်တွေကို Select မှတ်လိုက်ပြီးတော့
မောက်စ်ရဲ့ ညာဖက် ကလစ်ကို နှိပ်ပြီး Extract Selected ကို နှိပ်ပါ window တခု ထပ်ကျလာရင် စောစောက ဒေါင်းထားတဲ့ဖိုင်တွေ ရှိတဲ့ ဖိုလ်ဒါကို လိုက်ရှာပြီး OK နှိပ်လိုက်ရင် အဲဒီ အထဲမှာဖြည်ချပေးပါလိမ့်မယ်
3. ဒေါင်းထားတဲ့ ဖိုင်တွေ အထဲက Zip ဖြည်ထားလို့ ရလာတဲ့ Setup ဆိုတာလေးကို နှိပ်ပြီး Install လုပ်ပေးပါ
ပြီးသွားတဲ့ အခါ ကွန်ပျူတာရဲ့  Start Menu ထဲမှာ QFIL ဆိုတဲ့နာမည်နဲ့  ပေါ်နေပါလိမ့်မယ် အဲဒါကို နှိပ်ပြီး ဖွင့်ပေးပါ ဖုန်းကို ကွန်ပျူတာနဲ့  9008 mode ထဲကို USB JIG နဲ့  ဖြစ်ဖြစ် 9008 mode Test Point တွေကို ဇာဂနာနဲ့ ထောက်ပေးပြီးဖြစ်ဖြစ် ၀င်ပြီး ချိတ်လိုက်ပါ။
4. QFIL ပွင့်လာတဲ့ အခါမှာ Select Port မှာ 9008 ကို ရွေးပေးပါ Select Programmer ခေါင်းစဉ်အောက်မှာ Programmer path ဆိုတဲ့ ကွက်လပ်လေး မြင်ရရင် သူ့ ဘေးမှာ ရှိတဲ့ Browse ကို နှိပ်လိုက်ပါ
ခုနက ဇစ်ဖြည်ထားတဲ့ ဖိုင် အထဲကနေ 0311-W00 ဆိုတဲ့ Folder ထဲကို ထပ်ဝင်လိုက်ရင် prog_emmc_firehose_8936.mbn ကို တွေ့ ရမယ် အဲဒါလေးကို တချက် ကလစ် တို့ ပြီး open နှိပ်ပေးပါ
5. QFIL ရဲ့ မျက်နှာပြင်ကို ပြန်ရောက်သွားပါလိမ့်မယ် အောက်နားက Download ဆိုတဲ့ ခေါင်းစဉ်အောက်က RawProgram Path ရဲ့ ဘေးမှာရှိတဲ့ Load XML ဆိုတာကို နှိပ်လိုက်ရင် rawprogram0 ဆိုတဲ့ xml ကို
တွေ့ ရမယ် အဲဒါကို နှိပ်ပြီး open လိုက်ပါ...တဆက်ထဲမှာပဲ patch0 ဆိုတာ တက်လာပါမယ်
အဲဒါကိုလည်း open လုပ်ပေးပါ
6. Download ဆိုတာကို နှိပ်လိုက်ပြီးရင် စောင့်နေပေးပါပြီးသွားရင် ဖုန်းက သူ့ အလိုလို Restart ဖြစ်သွားပါလိမ့်မယ် အဲဒီလို လုပ်ရင် ပြီးသွားရောလား ဆိုတော့ ပြီးတဲ့ အလုံးလည်းရှိသလို မပြီးတဲ့ အလုံးလည်း ရှိတတ်ပါတယ် ......ဘယ်လို မပြီးလဲ ဆိုတော့
.............ဇာတ်လမ်းက ဒီမှာ စပါပြီဗျာ :D :D :D
လန့် မသွားပါနဲ့ ....ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်လိုက်ပါ Volume Up ခလုတ်ကို ဖိထားပြီး ကွန်ပျုတာနဲ့  ပြန်ချိတ်လိုက်ပါ ဒေါင်းထားတဲ့ အထဲက 0311-W00 ဖိုလ်ဒါ ထဲကို သွားလိုက်ပါ FlashAll (After Qfile) ဆိုတဲ့ Batch File လေးကို run လိုက်ပါ ဖုန်းက Restart ပြန်ဖြစ်သွားပါလိမ့်မယ် ပြီးရင်တော့ မြင်ချင်တဲ့
Stock Rom လေးကို မြင်ရပါပြီ :D
အရမ်းစိမ်းနေတဲ့ သူတွေ ရှိလို့ အသေးစိတ် ရေးပြထားတော့စာတွေ တအားများနေတယ် အရုပ်ကတော့ မရှိလို့ စာပဲကြည့်ပါဗျာ
:D
တီထွင်သူ အားလုံးကို Credit ပေးပါတယ်
 Download Link
👇👇👇👇👇👇👇
>>> Download Here <<<

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel