Android ဖုန္းတြင္ ပါ၀င္ေလ့ရွိေသာ အေျခခံ Modeမ်ား အေၾကာင္း အပိုင္း (၂) - KoZaw Mobile & IT နည်းပညာ

မင်္ဂလာပါဗျာ အားလုံးကို ကြိုဆိုပါတယ်၊ လာရောက် လေ့လာ၍ အားပေးကြသော၊ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်ဘက်က အကောင်းဆုံး/အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Post တွေ တင်ပေးနေပါတယ်၊ အဆင်မပြေတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့၊ ပြီးတော့ ကျေးဇူးပြု၍ Follow လေးလုပ်ပြီး Member ဝင်ပေးစေချင်ပါတယ်ခင်ဗျာ။ သက်ဆိုင်သူ ဆရာသမားများအားလုံးကိုလည်း Credit: ပေးပါတယ်ခင်ဗျာ

Free Bitcoin for u

coinpayu

23.8.18

Android ဖုန္းတြင္ ပါ၀င္ေလ့ရွိေသာ အေျခခံ Modeမ်ား အေၾကာင္း အပိုင္း (၂)



Android ဖုန္းတြင္ ပါ၀င္ေလ့ရွိေသာ အေျခခံ Mode မ်ား အေၾကာင္း
အပိုင္း (၂)
၄။ Recovery Mode
Recovery Mode ဆိုတာဟာ No Rooted Device ေတြေပၚက User ေတြရဲ႕ အလြဲေၾကာင့္ ျဖစ္ပ်က္တဲ့ ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ အသံုးျပတဲ့ Mode တစ္ခုပဲ ျဖစ္ပါတယ္။ ဥပမာ-password lock က်ေနေသာ Device မ်ား၊ Google Account ေတာင္းေနေသာ Device မ်ား (Version 5.0 အေရွ႕ပိုင္း)၊Forcestop ျပေနေသာ Device မ်ားကို Recovery Mode ကေန Wide Data Factory ခ်ျခင္းျဖင့္ ေက်ာ္လႊားႏိုင္သည္။ Recovery Mode မွာ အေျခအေန ၂မ်ဳိးကြဲျပားၿပီး Official Recovery ႏွင့္ Custom Recovery ဆိုၿပီး ကြဲျပားျခားနားပါသည္။ Official Recovery ဟာ Official Firmware ေတြျပန္ေရးျခင္းနဲ႔ Reset ျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။ Custom Recovery ဟာ Custom Rom တင္ျခင္း၊ Root zip Flash ျခင္း၊ Font zip Flash ျခင္းအစရွိတဲ့ Developerေတြျပဳလုပ္ထားတဲ့ zip file ေတြကို installျပဳလုပ္ျခင္း၊ လက္ရွိအသံုးျပဳေနေသာ္ Rom (Firmware) backup and restore ျပဳလုပ္ႏိုင္ျခင္း၊ အပါအ၀င္ လုပ္ေဆာင္ခ်က္ေျမာက္မ်ားစြာကို Official Recovery ထက္သာလြန္စြာ ျပဳလုပ္ႏိုင္ပါတယ္။

၅။ Test Mode
Test Mode ကို MTK Device နဲ႔ SPD Device ေတြမွာ ေတြ႔ရမ်ားပါတယ္၊ Hardware ပိုင္းဆိုင္ရာကို ေကာင္းမေကာင္း စစ္ေဆးရာမွာ အသံုးျပဳပါတယ္။ Computerကေန သိတဲ့ Driver ကေတာ့ Adb Driver ကိုသိရွိတာမ်ားပါတယ္။ အခ်ဳိ႕ Test Modeေတြမွာေတာ့ wipe emmc ဆိုတဲ့ (Factory Reset)နဲ႔ သေဘာတရားတူတဲ့ Function တစ္မ်ဳိးပါ၀င္တတ္ၿပီးေတာ့ ဖုန္းကို Factory reset ျပဳလုပ္လို႔ရမွာျဖစ္ပါတယ္။ အခ်ဳိ႕ ဖုန္းေတြရဲ႕ wipe emmc function ဟာဆိုရင္ အခုလက္ရွိ ေခတ္စားေနတဲ့ FRP Lock မ်ဳိးကိုေတာင္ ျပဳတ္ေစႏိုင္ပါတယ္။ test mode မွာ adb device အေနနဲ႔ သိရွိတတ္တာမို႔ adb command ကို အသံုးျပဳထားေသာ tool ေတြနဲ႔လဲ ခ်ိတ္ဆက္ၿပီး service ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

၆။ Safe Mode
Safe Modeဆိုတာ ဖုန္းကို Power စဖြင့္တဲ့အခ်ိန္မွာ Vol Down ကို ႏွိပ္ထားျခင္းျဖင့္၀င္ေရာက္ႏိုင္ တဲ့ Mode တစ္ခုျဖစ္ပါတယ္ (အခ်ဳိ႕ device ေတြမွာေတာ့ reboot to save mode function) ပါ၀င္ တတ္ပါတယ္။ Safe Mode တြင္ Third Party Application မ်ား အလုပ္မလုပ္ႏိုင္ပါ၊ Safe Mode ကေန ျပန္ထြက္ဖို႔အတြက္ ဆိုရင္ေတာ့ ဖုန္းကို Reboot ခ်ေပးရမွာျဖစ္ၿပီးေတာ့ rebootခ်လို႔မွ safe mode ကေန မထြက္တဲ့ device ေတြဆိုရင္ေတာ့ ဖုန္းရဲ႕ vol down လမ္းေၾကာင္းကို စစ္ေဆးရမွာ ျဖစ္ပါတယ္။

uni
( Android ဖုန်းတွင် ပါ၀င်လေ့ရှိသော အခြေခံ Mode များ အကြောင်း

အပိုင်း (၂)
၄။ Recovery Mode
Recovery Mode ဆိုတာဟာ No Rooted Device တွေပေါ်က User တွေရဲ့ အလွဲကြောင့် ဖြစ်ပျက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသုံးပြတဲ့ Mode တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ-password lock ကျနေသော Device များ၊ Google Account တောင်းနေသော Device များ (Version 5.0 အရှေ့ပိုင်း)၊Forcestop ပြနေသော Device များကို Recovery Mode ကနေ Wide Data Factory ချခြင်းဖြင့် ကျော်လွှားနိုင်သည်။ Recovery Mode မှာ အခြေအနေ ၂မျိုးကွဲပြားပြီး Official Recovery နှင့် Custom Recovery ဆိုပြီး ကွဲပြားခြားနားပါသည်။ Official Recovery ဟာ Official Firmware တွေပြန်ရေးခြင်းနဲ့ Reset ပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Custom Recovery ဟာ Custom Rom တင်ခြင်း၊ Root zip Flash ခြင်း၊ Font zip Flash ခြင်းအစရှိတဲ့ Developerတွေပြုလုပ်ထားတဲ့ zip file တွေကို installပြုလုပ်ခြင်း၊ လက်ရှိအသုံးပြုနေသော် Rom (Firmware) backup and restore ပြုလုပ်နိုင်ခြင်း၊ အပါအ၀င် လုပ်ဆောင်ချက်မြောက်များစွာကို Official Recovery ထက်သာလွန်စွာ ပြုလုပ်နိုင်ပါတယ်။

၅။ Test Mode
Test Mode ကို MTK Device နဲ့ SPD Device တွေမှာ တွေ့ရများပါတယ်၊ Hardware ပိုင်းဆိုင်ရာကို ကောင်းမကောင်း စစ်ဆေးရာမှာ အသုံးပြုပါတယ်။ Computerကနေ သိတဲ့ Driver ကတော့ Adb Driver ကိုသိရှိတာများပါတယ်။ အချို့ Test Modeတွေမှာတော့ wipe emmc ဆိုတဲ့ (Factory Reset)နဲ့ သဘောတရားတူတဲ့ Function တစ်မျိုးပါ၀င်တတ်ပြီးတော့ ဖုန်းကို Factory reset ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ အချို့ ဖုန်းတွေရဲ့ wipe emmc function ဟာဆိုရင် အခုလက်ရှိ ခေတ်စားနေတဲ့ FRP Lock မျိုးကိုတောင် ပြုတ်စေနိုင်ပါတယ်။ test mode မှာ adb device အနေနဲ့ သိရှိတတ်တာမို့ adb command ကို အသုံးပြုထားသော tool တွေနဲ့လဲ ချိတ်ဆက်ပြီး service ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၆။ Safe Mode
Safe Modeဆိုတာ ဖုန်းကို Power စဖွင့်တဲ့အချိန်မှာ Vol Down ကို နှိပ်ထားခြင်းဖြင့်၀င်ရောက်နိုင် တဲ့ Mode တစ်ခုဖြစ်ပါတယ် (အချို့ device တွေမှာတော့ reboot to save mode function) ပါ၀င် တတ်ပါတယ်။ Safe Mode တွင် Third Party Application များ အလုပ်မလုပ်နိုင်ပါ၊ Safe Mode ကနေ ပြန်ထွက်ဖို့အတွက် ဆိုရင်တော့ ဖုန်းကို Reboot ချပေးရမှာဖြစ်ပြီးတော့ rebootချလို့မှ safe mode ကနေ မထွက်တဲ့ device တွေဆိုရင်တော့ ဖုန်းရဲ့ vol down လမ်းကြောင်းကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ )

No comments:

Post a Comment

Note: only a member of this blog may post a comment.

Youtube Channel